ဒံယေလ 6:12 - မြန်မာ့စံမီသမ္မာကျမ်း
ရှင်ဘုရင်ထံသို့သွားပြီးလျှင် ရှင်ဘုရင်ထုတ်ပြန်ထားသောအမိန့်နှင့်ပတ်သက်၍ “အရှင်မင်းကြီး၊ ဤရက်သုံးဆယ်အတွင်း အရှင်မင်းကြီးမှလွဲ၍ အခြားဘုရားကိုဖြစ်စေ၊ လူကိုဖြစ်စေ အသနားခံဆုတောင်းသောသူ မည်သူမဆို ခြင်္သေ့တွင်းထဲသို့ ပစ်ချခြင်းခံရမည်ဟူသောအမိန့်ကို လက်မှတ်ရေးထိုးထားပြီမဟုတ်ပါလော၊ အရှင်မင်းကြီး”ဟု မေးလျှောက်ကြလျှင် မင်းကြီးက “မေဒိနှင့်ပါးရှားတို့၏ပယ်ဖျက်၍မရသောဥပဒေအတိုင်း ဤကိစ္စမှာ မှန်ကန်၏”ဟု ပြန်လည်မိန့်ဆို၏။
အခန်းကိုကြည့်ပါ။
တစ်စုတစ်ရုံးတည်းဘုရင့်ရှေ့တော်သို့ဝင်၍ ဒံယေလအားပြစ်တင်စွပ်စွဲကြကုန်၏။ သူ တို့က``အရှင်မင်းကြီးကိုယ်တော်သည်နောက် ရက်ပေါင်းသုံးဆယ်တိုင်တိုင်အရှင်မင်းကြီး မှလွဲ၍ အခြားလူထံသော်လည်းကောင်း၊ ဘုရားထံသော်လည်းကောင်းဆုတောင်းသူ မည်သူမဆိုခြင်္သေ့လှောင်သောတွင်းထဲသို့ ပစ်ချခြင်းကိုခံစေဟူသောအမိန့်တော် ကိုလက်မှတ်ရေးထိုးတော်မူခဲ့သည် မဟုတ်ပါလော'' ဟုမေးလျှောက်ကြ၏။ မင်းကြီးက``ထိုအမိန့်သည်ပြောင်းလဲ၍ မရသောမေဒိနှင့်ပါရှလူမျိုးတို့၏ ဋ္ဌမ္မသတ်အတိုင်းမှန်ပေ၏'' ဟုမိန့်တော် မူ၏။
အခန်းကိုကြည့်ပါ။
ဘု ရင် မင်း ထံ တိုး ဝင် ကြ ပြီး လျှင် ဘု ရင် မင်း မြတ် မှ တစ် ပါး အ ခြား လူ့ ထံ သော် လည်း ကောင်း၊ ဘု ရား ထံ သော် လည်း ကောင်း၊ ရက် ပေါင်း သုံး ဆယ် အ တွင်း ဆု တောင်း သူ မည် သူ မ ဆို ခြင်္သေ့ အောင်း သော တွင်း ထဲ သို့ ပစ် ချ ဒဏ် ခံ စေ ဟူ သော ဥ ပ ဒေ ကို လက် မှတ် ရေး ထိုး တော် မူ ပြီ မ ဟုတ် တုံ လော ဟု ထို ဥ ပ ဒေ နှင့် စပ်၍ မေး လျှောက် ကြ ရာ ဘု ရင် မင်း က၊ မ ပ မ ပျောက် နိုင် သော မေ ဒိ၊ ပေ ရ သိ လူ မျိုး ဓ မ္မ သတ် အ တိုင်း မှန် ပေ သည် ဟု မိန့် ဆို လေ၏။
အခန်းကိုကြည့်ပါ။
အထံတော်သို့ဝင်၍၊ အရှင်မင်းကြီး၊ ကိုယ်တော်မြတ်မှတစ်ပါး အခြားသောလူကိုဖြစ်စေ၊ ဘုရားကိုဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသောသူ မည်သည်ကို ခြင်္သေ့လှောင်သောတွင်းထဲသို့ ချပစ်စေဟု အမိန့်တော်ကို တံဆိပ်ခတ်တော်မူလျက် ရှိပါသည်မဟုတ်လောဟု အမိန့်တော်အကြောင်းကို မေးလျှောက်ကြ၏။ ရှင်ဘုရင်ကလည်း၊ မပြောင်းလဲတတ်သော မေဒိ၊ ပေရသိဓမ္မသတ်အတိုင်း မှန်ပေသည်ဟု မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။