ထိုအခါ ဗာသရှေဘသည် ရှင်ဘုရင်ရှေ့တော်တွင် ဦးညွှတ်ပျပ်ဝပ်လျက် “အကျွန်ုပ်၏သခင်ဒါဝိဒ်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ”ဟု မြွက်ဆိုလေ၏။
ဒံယေလ 5:10 - မြန်မာ့စံမီသမ္မာကျမ်း မယ်တော်က ရှင်ဘုရင်နှင့်မှူးမတ်တို့၏စကားသံကို ကြားလျှင် စားသောက်ပွဲခန်းမထဲသို့ဝင်လာ၍ “အရှင်မင်းကြီး၊ သက်တော်ထာဝရရှည်ပါစေသော။ အရှင်မင်းကြီး တွေးတောထိတ်လန့်ခြင်း မရှိပါနှင့်။ မျက်စိမျက်နှာလည်း မပျက်ပါနှင့်။ Common Language Bible မယ်တော်မိဖုရားကြီးသည်မင်းကြီးနှင့်မှူး မတ်တို့ပြောဆိုကြသည့်စကားကိုကြား သဖြင့် စားသောက်ပွဲကျင်းပရာအခန်းထဲ သို့ဝင်လာပြီးလျှင်``အရှင်မင်းကြီး၊ သက် တော်ရာကျော်ရှည်ပါစေ။ ဤမျှစိတ်အနှောင့် အယှက်ဖြစ်၍မနေပါနှင့်။ ဤမျှမျက်နှာ ညှိုးငယ်၍လည်းမနေပါနှင့်။- Garrad Bible ထို အ ခါ မယ် တော် မိ ဖု ရား သည် ရှင် ဘု ရင် နှင့် မှူး မတ် တို့ စ ကား ကို ကြား သိ သော ကြောင့် ပွဲ တော် ဆောင် သို့ ဝင်၍ ဘု ရင် မင်း မြတ် ကာ လ အ စဉ် သက် တော် ရှည် ပါ စေ။ ဆင် ခြင် သ ဖြင့် ပူ ပန် လျက် မျက် နှာ ပျက် ခြင်း မ ရှိ ပါ နှင့်။ Judson Bible ထိုအခါ မယ်တော်မိဖုရားသည် ရှင်ဘုရင်၏ စကား၊ မှူးမတ်တို့၏စကားကို ကြားသိလျှင်၊ ပွဲတော်သို့ ဝင်၍၊ အရှင်မင်းကြီး၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။ စိတ်တော်ပူပန်ခြင်း မရှိပါနှင့်။ မျက်နှာညှိုးငယ်တော် မမူပါနှင့်။ |
ထိုအခါ ဗာသရှေဘသည် ရှင်ဘုရင်ရှေ့တော်တွင် ဦးညွှတ်ပျပ်ဝပ်လျက် “အကျွန်ုပ်၏သခင်ဒါဝိဒ်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ”ဟု မြွက်ဆိုလေ၏။
သင်တို့သည် မုသားကို ဖုံးကွယ်ထားသောသူများ၊ သင်တို့အားလုံးသည် အသုံးမဝင်သောသမားတော်များ ဖြစ်ကြ၏။
သို့ဖြစ်၍ သင်တို့သည် အဓိပ္ပာယ်မရှိသောစကားများဖြင့် ငါ့ကို မည်သို့နှစ်သိမ့်ပေးနိုင်မည်နည်း။ သင်တို့ပြောသောစကားတို့သည် မုသားအဖြစ်သာ ကျန်ခဲ့သည်”ဟု ဆိုလေ၏။
ခါလဒဲပညာရှိတို့ကလည်း အာရမိတ်ဘာသာစကားဖြင့် ရှင်ဘုရင်အား “အို အရှင်မင်းကြီး၊ သက်တော်ထာဝရတည်ပါစေသော။ ကျွန်တော်မျိုးတို့အား အိပ်မက်ကိုပြောပြတော်မူပါ။ ကျွန်တော်မျိုးတို့ အနက်အဓိပ္ပာယ်ကို ဖွင့်ပြပါမည်”ဟု ပြန်လျှောက်ကြ၏။
ထိုအခါ ရှင်ဘုရင်သည် မျက်စိမျက်နှာပျက်၍ တွေးတောထိတ်လန့်လေ၏။ ခါးဆစ်များ ပြုတ်လုမတတ်ဖြစ်၍ ဒူးများလည်း တုန်ရီနေ၏။
ထို့နောက် အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေးအရာရှိများ အတူတကွစုရုံးကာ ရှင်ဘုရင်ထံသို့သွားပြီး “အို ဒါရိမင်းကြီး၊ သက်တော်ထာဝရရှည်ပါစေသော။