ထိုအပင်တို့၌ ငှက်တို့သည် အသိုက်လုပ်ကြ၏။ ထင်းရှူးပင်တို့သည် ငှက်ကျား၏အိမ်ဖြစ်ကြ၏။
ဒံယေလ 4:21 - မြန်မာ့စံမီသမ္မာကျမ်း အရွက်များ ဝေဆာလှပပြီး အသီးလည်း လှိုင်လှိုင်သီးသောကြောင့် မှီခိုသောသတ္တဝါအားလုံးအဖို့ စားစရာရရှိစေသော၊ တောတိရစ္ဆာန်တို့သည် အရိပ်၌ခိုကြပြီး မိုးကောင်းကင်ငှက်တို့သည်လည်း အကိုင်းအခက်များတွင်အသိုက်လုပ်၍ရသော ထိုအပင်သည်ကား Common Language Bible ထိုအပင်၏အကိုင်းအခက်များသည်လှပ ဝေဆာလျက် အသီးလည်းပေါများသဖြင့် ကမ္ဘာတစ်ဝန်းလုံးစားသုံးနိုင်၏။ ထိုအပင် အောက်တွင်တောတိရစ္ဆာန်များနားနေကြ၏။ အကိုင်းအခက်များတွင်ငှက်တို့အသိုက်လုပ် ကြ၏။ Garrad Bible အ ရွက် လည်း လှ ပ စည် ပင် လျက် အ သီး လည်း ပေါ များ သ ဖြင့် သ တ္တ ဝါ အ ပေါင်း တို့ စား သုံး ရန် ဖြစ် ထ သော၊ အ ရိပ်၌ မြေ သ တ္တ ဝါ၊ အ ကိုင်း အ ခက်၌ လေ သ တ္တ ဝါ မှီ ခို ရာ ဖြစ် ထ သော၊ ဤ သို့ မြင် မက် တော် မူ သော သစ် ပင် ကား၊ Judson Bible အရွက်လှလျက်၊ သတ္တဝါ အပေါင်းတို့စား၍ ဝလောက်သော အသီးနှင့် ပြည့်စုံထသော၊ မြေတိရစ္ဆာန်တို့သည် အောက်၌နေကြသဖြင့်၊ အခက်အလက်တို့၌ ကောင်းကင်ငှက်များ မှီခိုနားနေရာဖြစ်သော သစ်ပင်သည်၊ |
ထိုအပင်တို့၌ ငှက်တို့သည် အသိုက်လုပ်ကြ၏။ ထင်းရှူးပင်တို့သည် ငှက်ကျား၏အိမ်ဖြစ်ကြ၏။
မြင့်မားသောအစ္စရေးတောင်ပေါ်မှာ စိုက်မည်။ အကိုင်းအခက်ထွက်လာ၍ အသီးသီးသဖြင့် လှပတင့်တယ်သောသစ်ကတိုးပင်ဖြစ်လာလိမ့်မည်။ အရပ်ရပ်မှ ငှက်အပေါင်းတို့သည် ထိုအပင်၌အသိုက်ဆောက်၍ အကိုင်းအခက်တို့၏အရိပ်၌ ခိုနားကြလိမ့်မည်။
မိုးကောင်းကင်ငှက်အပေါင်းတို့သည်လည်း အခက်အလက်များတွင် အသိုက်ဆောက်ကြ၏။ တောရိုင်းတိရစ္ဆာန်များသည်လည်း အပင်အောက်တွင် သားပေါက်ကြ၏။ လူအပေါင်းတို့သည်လည်း အပင်ရိပ်တွင် နားခိုတတ်ကြ၏။
အရပ်ရပ်ရှိလူသားများ၊ တောတိရစ္ဆာန်များ၊ မိုးကောင်းကင်ငှက်များကို အရှင်မင်းကြီးလက်သို့ အပ်တော်မူသဖြင့် အရှင်မင်းကြီးသည် အလုံးစုံကို အုပ်စိုးရပါ၏။ ရုပ်တု၏ရွှေဦးခေါင်းသည် အရှင်မင်းကြီးပင် ဖြစ်ပါ၏။
ထိုအပင်သည် ရှင်သန်ကြီးထွားလျက် မိုးထိအောင်မြင့်သဖြင့် မြေကြီးစွန်းမှပင် ထီးထီးကြီးမြင်ရ၏။
အရှင်မင်းကြီးမြင်မက်သော၊ ရှင်သန်ကြီးထွားလျက် မိုးထိအောင်မြင့်သဖြင့် မြေကြီးစွန်းမှ ထီးထီးကြီးမြင်ရသော၊
အရှင်မင်းကြီးပင် ဖြစ်၏။ အရှင်သည် တိုးပွားချမ်းသာ၍ အင်အားကြီးမားပါ၏။ အရှင်၏ဘုန်းတန်ခိုးသည် မိုးထိအောင် ရောက်ပါ၏။ အာဏာစက်သည်လည်း မြေကြီးစွန်းထိ ရောက်ပါ၏။
၎င်းသည် မုန်ညင်းနက်စေ့နှင့်တူ၏။ လူတစ်ဦးသည် ထိုအစေ့ကိုယူ၍ မိမိဥယျာဉ်ထဲ၌ကြဲသောအခါ ထိုအစေ့သည် အပင်ပေါက်ကြီးထွား၍ အပင်ကြီးဖြစ်လာကာ မိုးကောင်းကင်ငှက်တို့သည် ၎င်း၏အကိုင်းများတွင် အသိုက်ဖွဲ့၍နေကြ၏”ဟု မိန့်တော်မူ၏။