ဒံယေလ 3:19 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ နေဗုခဒ်နေဇာမင်းကြီးက ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့အား အမျက်ပြင်းစွာထွက်၍ မျက်စိမျက်နှာပျက်လေ၏။ ထို့ကြောင့် မီးပြင်းဖိုကို ပုံမှန်ထက်ခုနစ်ဆတိုး၍ပူစေရန် အမိန့်ပေးလေ၏။ Common Language Bible ထိုအခါနေဗုခဒ်နေဇာသည်မိမိစိတ်ကို မချုပ်တည်းနိုင်တော့ဘဲ ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့အပေါ်တွင်အမျက်ထွက် ကာမျက်နှာနီမြန်း၍လာတော်မူ၏။ ထို ကြောင့်မင်းကြီးသည်မီးဖိုကြီးကိုခုနစ်ဆ မျှပို၍ပူအောင်မီးထိုးစေတော်မူပြီးလျှင်၊- Garrad Bible ထို အ ခါ နေ ဗု ခဒ် နေ ဇာ မင်း သည် ပြင်း ထန် စွာ မျက် မာန် ရှ လျက် ရှာ ဒ ရက်၊ မေ ရှက်၊ အ ဗေ ဒ နေ ဂေါ တို့ အ ပေါ် တွင် မျက် နှာ ညို၍ မီး ပုံ ကို ပြု ရင်း ထက် အ ပူ ခု နစ် ဆ တိုး စေ ရန် လည်း ကောင်း၊ Judson Bible ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ပြင်းစွာ အမျက်ထွက်သဖြင့်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ကြည့်ရှု၍ မျက်နှာတော်ပျက်လျက်၊ မီးဖိုကို အရင်ထက် ခုနစ်ဆတိုး၍ ပူစေခြင်းငှာလည်းကောင်း၊ |
ဟာမန်သည် မိမိအား မော်ဒကဲ မညွတ်တွား မခယကြောင်းကို သိရှိသောအခါ အမျက်ဒေါသပြင်းစွာထွက်လေ၏။
ရှင်ဘုရင်သည် ဒေါသတကြီးနှင့် စပျစ်ဝိုင်သောက်ရာမှထ၍ နန်းတော်ဥယျာဉ်ဘက်သို့ ထွက်သွားလေ၏။ ဟာမန်မူကား ရှင်ဘုရင်သည် မိမိအား ကျိန်းသေအပြစ်ဒဏ်ပေးတော့မည်ကို သိသဖြင့် မိမိကိုအသက်ချမ်းသာပေးမည့်အကြောင်း မိဖုရားဧသတာရှေ့တွင်ရပ်လျက် တောင်းပန်လေ၏။
အကယ်စင်စစ် လူတို့၏အမျက်ဒေါသသည် ကိုယ်တော်ကိုချီးမွမ်းလိမ့်မည်။ ကိုယ်တော်သည် အမျက်ဒေါသအကြွင်းအကျန်များဖြင့် မိမိကိုယ်မိမိပတ်စည်းတော်မူလိမ့်မည်။
ရှင်ဘုရင်၏အမျက်ဒေါသသည် သေခြင်း၏စေတမန်ဖြစ်၏။ သို့သော် ပညာရှိသောသူသည် ၎င်းကိုပြေစေတတ်၏။
မာနထောင်လွှားလျက် ခက်ထန်မောက်မာသောသူ၏အမည်မှာ “ပြက်ရယ်ပြုတတ်သောသူ” ဟူ၍ဖြစ်၏။ သူသည် အလွန်မာနထောင်လွှားသောစိတ်နှင့် ပြုမူတတ်၏။
‘ငါတို့ ဖြတ်သွားမည်။ ဝပ်နေလော့’ဟု ဆိုကြသဖြင့် ဖြတ်သွားသောသူတို့အတွက် သင်သည် သင့်ကျောကုန်းကို မြေပြင်သဖွယ်၊ လမ်းသဖွယ်ခင်းပေးခဲ့ရ၏။ ထိုသို့ သင့်ကို အနိုင်ကျင့်ခဲ့သောသူတို့လက်ထဲသို့ ထိုဖလားကို ငါထည့်မည်”ဟု မိန့်တော်မူ၏။
ရှင်ဘုရင်သည် ထိုစကားကြောင့် အမျက်ဒေါသပြင်းစွာထွက်၍ ဘေဘီလုံပညာရှိအားလုံးကို ကွပ်မျက်ရန် အမိန့်ပေးလိုက်လေ၏။
ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် အမျက်ပြင်းစွာထွက်၍ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ခေါ်ဆောင်လာရန် အမိန့်ပေး၏။ ဘုရင့်ရှေ့မှောက်သို့ သူတို့ ရောက်လာသောအခါ
ထို့နောက် မိမိစစ်သည်ထဲမှ ခွန်အားကြီးသောသူတို့အား ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို တုပ်နှောင်၍ မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ပစ်ထည့်ရန် အမိန့်ပေးလေ၏။
ထိုအခါ ရှင်ဘုရင်သည် မျက်စိမျက်နှာပျက်၍ တွေးတောထိတ်လန့်လေ၏။ ခါးဆစ်များ ပြုတ်လုမတတ်ဖြစ်၍ ဒူးများလည်း တုန်ရီနေ၏။
ရှင်ဘုရင်သည် ဒံယေလအား စွပ်စွဲခဲ့သောသူတို့ကို ခေါ်ဆောင်လာစေ၍ ခြင်္သေ့တွင်းထဲသို့ ပစ်ချရန် အမိန့်ပေးလေ၏။ ထိုသူတို့ကို သားသမီး၊ ဇနီးများနှင့်တကွ ခြင်္သေ့တွင်းထဲသို့ပစ်ချလိုက်ရာ တွင်းအောက်ခြေမရောက်မီပင် ခြင်္သေ့တို့သည် သူတို့ကို ခုန်အုပ်၍အရိုးပါမကျန် ချိုးဖဲ့ကိုက်စားကြလေ၏။
ထိုသို့ဖြစ်သည့်တိုင်အောင် သင်တို့သည် ငါ့စကားကိုနားမထောင်လျှင် ငါသည် သင်တို့၏အပြစ်အတွက် သင်တို့အား အပြစ်ဒဏ်ခုနစ်ဆ ထပ်၍ပေးမည်။
သင်တို့သည် ငါ့ကို ဆက်လက်ဆန့်ကျင်၍ ငါ့စကားကိုနားမထောင်လျှင် ငါသည် သင်တို့၏အပြစ်နှင့်အလျောက် သင်တို့အပေါ်သို့ ဘေးဒဏ်ကို ခုနစ်ဆ ထပ်၍ကျရောက်စေမည်။
ငါသည်လည်း သင်တို့ကို ဆက်လက်ဆန့်ကျင်မည်။ ထိုမျှမက ငါသည် သင်တို့၏အပြစ်အတွက် သင်တို့ကို ခုနစ်ဆဒဏ်ခတ်မည်။
ငါသည်လည်း သင်တို့ကို အမျက်ဒေါသဖြင့် သင်တို့ကို ဆက်လက်ဆန့်ကျင်မည်။ ထိုမျှမက ငါသည် သင်တို့၏အပြစ်အတွက် သင်တို့ကို ခုနစ်ဆအပြစ်ဒဏ်ပေးမည်။
သူတို့သည် ထိုစကားကိုကြားလျှင် ပြင်းစွာအမျက်ထွက်လျက် တမန်တော်တို့ကိုသတ်ရန် ကြံရွယ်ကြ၏။
သူတို့သည် ဤအကြောင်းအရာတို့ကို ကြားကြသောအခါ သူတို့၏စိတ်ထဲတွင် သတေဖန်အပေါ် ပြင်းစွာအမျက်ထွက်၍ အံကြိတ်ကြ၏။