ထိုအခါ ရှင်ဘုရင်က သူတို့အား “ငါသည် အိပ်မက်မက်ပြီး ထိုအိပ်မက်ကို သိလိုသောကြောင့် စိတ်သောကရောက်ရ၏”ဟု မိန့်ဆို၏။
မင်းကြီးက``ငါ့အားစိတ်ပူပန်စေသည့်အိပ် မက်ကိုငါမြင်မက်တော်မူသည်။ ထိုအိပ်မက် ၏အနက်ကိုငါသိလိုသည်'' ဟုဆို၏။
ဘု ရင် မင်း က၊ ငါ အိပ် မက် မြင် ရ ပြီ။ ထို အိပ် မက် ကို သိ မှတ် လို သည့် အ တွက် စိတ် ပူ ပန် သည် ဟု မိန့် ဆို ရာ၊
ရှင်ဘုရင်က၊ ငါသည် အိပ်မက်ကိုမြင်ပြီ။ ထိုအိပ်မက်ကိုမသိ၊ နားမလည်သည်ဖြစ်၍ စိတ်မအီမသာရှိသည်ဟု မိန့်တော်မူ၏။
သူတို့ကလည်း “ငါတို့သည် အိပ်မက်မက်ကြ၏။ သို့သော် အိပ်မက်၏အနက်ကိုဖွင့်ပြနိုင်သောသူ တစ်ယောက်မျှမရှိ”ဟု ပြန်ပြောကြ၏။ ယောသပ်ကလည်း “အနက်ဖွင့်ဆိုခြင်းသည် ဘုရားသခင်နှင့်ဆိုင်တော်မူသည်မဟုတ်လော။ သို့ဖြစ်၍ အကျွန်ုပ်အားပြောပြကြပါလော့”ဟု သူတို့အားဆိုလေ၏။
ဖာရောမင်းကြီးက ယောသပ်အား “ငါသည် အိပ်မက်တစ်ခုမြင်မက်၏။ ထိုအိပ်မက်၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။ သို့ရာတွင် သင်သည် အိပ်မက်ကိုကြားသောအခါ အိပ်မက်၏အနက်ကိုဖွင့်ပြနိုင်သည်ဟု သင့်အကြောင်းငါကြား၏”ဟု မိန့်ဆိုလေ၏။
နံနက်ရောက်သောအခါ ဖာရောမင်းကြီးသည် စိတ်မငြိမ်မသက်ဖြစ်လေ၏။ ထို့ကြောင့် လူလွှတ်၍ အီဂျစ်ပြည်ရှိ နတ်ဝိဇ္ဇာဆရာအပေါင်းတို့နှင့် ပညာရှိအပေါင်းတို့ကိုခေါ်ပြီးလျှင် မိမိ၏အိပ်မက်ကို သူတို့အား ပြောပြလေ၏။ သို့သော် ဖာရောမင်းကြီးအတွက် ထိုအိပ်မက်တို့၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။
နေဗုခဒ်နေဇာမင်းကြီးသည် နန်းစံဒုတိယနှစ်တွင် အိပ်မက်မက်သဖြင့် စိတ်သောကရောက်၍ စက်တော်မခေါ်နိုင်ဘဲဖြစ်၏။
အိပ်မက်တစ်ခုကို မြင်မက်၏။ ထိုအိပ်မက်သည် ငါ့ကို ခြောက်လှန့်၏။ သလွန်တော်ပေါ်တွင်လဲလျောင်းနေစဉ် တွေးမိသောအတွေး၊ စိတ်အာရုံတွင် မြင်ရသောအရာတို့က ငါ့ကို ထိတ်လန့်စေ၏။