ဤဗျာဒိတ်နိမိတ်သည် နောင်လာမည့်နေ့ရက်များနှင့်ဆိုင်သည်ဖြစ်၍ ထိုနေ့ရက်များတွင် သင့်လူမျိုး၌ ဖြစ်ပျက်မည့်အရာတို့ကို ကြားပြောရန် ငါရောက်လာပြီ”ဟု ဆို၏။
ဒံယေလ 12:8 - မြန်မာ့စံမီသမ္မာကျမ်း ထိုစကားတို့ကိုကြားရသော်လည်း ငါနားမလည်။ ထို့ကြောင့် ငါက “အကျွန်ုပ်၏သခင်၊ ဤအံ့ဖွယ်အမှုတို့၏အဆုံး၌ မည်သို့ဖြစ်မည်နည်း”ဟု သူ့အား မေးလျှောက်၏။ Common Language Bible ထိုသူပြောသောစကားကိုကြားသော်လည်း ငါသည်နားမလည်သဖြင့်``သို့ရာတွင်အရှင်၊ ထိုအမှုအရာများသည်အဘယ်သို့အဆုံး သတ်ပါမည်နည်း'' ဟုမေး၏။ Garrad Bible ကြား ရ လျက် နား မ လည် သော ကြောင့် ငါ က၊ ထို အ ရာ များ၏ အ ဆုံး စွန် ကား။ မည် သို့ ဖြစ် ပါ သ နည်း ဟု မေး လျှောက် ရာ။ Judson Bible ထိုစကားကို ငါကြား၍ နားမလည်သောကြောင့်၊ သခင်ဘုရား၊ ဤအမူအရာတို့သည် အဘယ်သို့ ကုန်စင်ပါမည်နည်းဟု မေးလျှောက်လျှင်၊ |
ဤဗျာဒိတ်နိမိတ်သည် နောင်လာမည့်နေ့ရက်များနှင့်ဆိုင်သည်ဖြစ်၍ ထိုနေ့ရက်များတွင် သင့်လူမျိုး၌ ဖြစ်ပျက်မည့်အရာတို့ကို ကြားပြောရန် ငါရောက်လာပြီ”ဟု ဆို၏။
တစ်ယောက်က “ဤအံ့ဖွယ်အမှုသည် မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း”ဟု မြစ်ရေပြင်အထက်တွင်ရှိနေသော ပိတ်ချောထည်ဝတ်ဆင်ထားသူအား မေးလေ၏။
ထိုအခါ မြစ်ရေပြင်အထက်တွင်ရှိသော ပိတ်ချောထည်ဝတ်ဆင်ထားသူက လက်နှစ်ဖက်ကို ကောင်းကင်သို့မြှောက်၍ “တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက် ကြာလိမ့်မည်။ သန့်ရှင်းသူတို့၏အင်အားကို တစ်စစီဖြိုခွဲပြီးမှ ဤအံ့ဖွယ်အမှုအားလုံး၏အဆုံးသည် ရောက်လိမ့်မည်”ဟု ထာဝရအသက်ရှင်တော်မူသောအရှင်ကို တိုင်တည်၍ ပြောဆိုသည်ကို ငါကြားရ၏။
ထိုအခါ သူက “ဒံယေလ၊ သင်သွားလော့။ ဤစကားတို့ကို နောက်ဆုံးသောကာလအထိ လျှို့ဝှက်ထား၍ တံဆိပ်ခတ်ထား၏။
ထိုအခါ သန့်ရှင်းသူတစ်ပါး၏စကားသံကို ငါကြားရ၏။ စကားပြောနေသော ထိုသန့်ရှင်းသူတစ်ပါးကို အခြားသန့်ရှင်းသူတစ်ပါးက “ဗျာဒိတ်နိမိတ်ထဲတွင် နေ့စဉ်ပူဇော်သက္ကာ၊ လူဆိတ်ညံရာဖြစ်စေသောအပြစ်၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေတို့ကို နင်းချေအပ်နှံခြင်းတို့နှင့်ဆိုင်သောအဖြစ်အပျက်သည် မည်မျှကြာကြာဖြစ်မည်နည်း”ဟု မေးမြန်းပြောဆိုသည်ကို ငါကြားရ၏။
သို့ရာတွင် တပည့်တော်တို့သည် ထိုအကြောင်းအရာတစ်စုံတစ်ခုကိုမျှ သဘောမပေါက်ကြ။ ထိုအရာသည် သူတို့ထံမှ ကွယ်ဝှက်ထားခြင်းခံရသည်ဖြစ်၍ မိန့်တော်မူသောအရာတို့ကို သူတို့နားမလည်နိုင်ကြချေ။
ဤအရာများကို တပည့်တော်တို့သည် အစက နားမလည်ခဲ့ကြ။ သို့သော် ယေရှုဘုန်းတော်ထင်ရှားခြင်းရှိတော်မူသောအခါမှသာ ဤအရာများသည် ကိုယ်တော်ကိုရည်ညွှန်း၍ ရေးထားခဲ့ခြင်းဖြစ်ပြီး လူတို့သည် ကိုယ်တော်အပေါ် ထိုအတိုင်းပြုခဲ့ကြောင်းကို ပြန်လည်သတိရကြ၏။
ကိုယ်တော်ကလည်း“ခမည်းတော်သည် မိမိအခွင့်အာဏာဖြင့် စီရင်ထားတော်မူသောကာလများ၊ သို့မဟုတ် အချိန်အခါများကို သင်တို့သိရန်မလိုအပ်ပေ။
သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်တော်သည် ခရစ်တော်၏ဒုက္ခဝေဒနာများနှင့် ထိုဝေဒနာများနောက်တွင်ဖြစ်လာမည့် ဘုန်းအသရေတို့အကြောင်းကို ကြိုတင်သက်သေခံသောအခါ မည်သူ၊ သို့မဟုတ် မည်သည့်အချိန်ကိုဆိုလိုကြောင်း သူတို့စူးစမ်းလေ့လာကြ၏။