သစ်ပင်၌ပင် မျှော်လင့်ချက်ရှိ၏။ ခုတ်လှဲခံရသော်လည်း သေမသွားဘဲ အတက်ပြန်ပေါက်၍ အညွန့်များထွက်လာတတ်၏။
ဒံယေလ 11:7 - မြန်မာ့စံမီသမ္မာကျမ်း ထိုမင်းသမီး၏အမျိုးအနွယ်ထဲမှ တစ်ယောက်သည် ထိုဘုရင်၏အရိုက်အရာကို ဆက်ခံရမည်။ သူသည် စစ်ချီ၍ မြောက်ဘုရင်၏စစ်သည်တို့ကို တိုက်ခိုက်မည်။ ခံတပ်ကိုလည်း ဝင်ရောက်တိုက်ခိုက်၍ အောင်နိုင်လိမ့်မည်။ Common Language Bible ထိုနောက်များမကြာမီမင်းသမီးနှင့်ဆွေ မျိုးတော်စပ်သူတစ်ဦးသည် အီဂျစ်ထီးနန်း ကိုရရှိလိမ့်မည်။ သူသည်ဆီးရီးယားဘုရင် ၏စစ်သည်ဗိုလ်ခြေတို့ကိုတိုက်ခိုက်လိမ့်မည်။ သူတို့၏ခံတပ်ကိုလည်းထိုးဖောက်ဝင် ရောက်ကာသူတို့အားနှိမ်နင်းလိမ့်မည်။- Garrad Bible ထို မင်း သ မီး၏ အ မျိုး အ နွယ် မှ ပေါက် သော အ ညွန့် သည် ခ မည်း တော့် အ ရိုက် အ ရာ ကို ဆက် ခံ ပြီး လျှင် မြောက် ဘု ရင် ဗိုလ် ခြေ တစ် ဘက် တက် လာ လျက် ခို မှီး ရာ ခံ တပ် ကို ဖောက် ထွင်း လုပ် ကြံ သ ဖြင့် အောင် မြင်၍၊ Judson Bible ထိုမင်းသမီး၏ အဆွေအမျိုးဖြစ်သော သူတစ်ယောက်သည် အဘ၏အရိုက်အရာကိုရသဖြင့် စစ်ချီ၍ လာလိမ့်မည်။ မြောက်ရှင်ဘုရင်၏ မြို့တော်သို့ရောက်လျှင်၊ မြို့သားတို့ကို တိုက်၍နိုင်လိမ့်မည်။ |
သစ်ပင်၌ပင် မျှော်လင့်ချက်ရှိ၏။ ခုတ်လှဲခံရသော်လည်း သေမသွားဘဲ အတက်ပြန်ပေါက်၍ အညွန့်များထွက်လာတတ်၏။
သို့သော် အို ဘုရားသခင်၊ ကိုယ်တော်သည် ထိုသူတို့ကို ပုပ်ပျက်ရာတွင်းထဲသို့ဆင်းသွားစေတော်မူ၏။ သွေးဆာသောသူနှင့် လိမ်လည်လှည့်ဖြားသော သူတို့သည် မိမိတို့နေ့ရက်ကာလ၏ထက်ဝက်မျှပင် အသက်ရှင်ရမည်မဟုတ်။ အကျွန်ုပ်မူကား ကိုယ်တော်ကိုယုံကြည်ကိုးစားပါမည်။
ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ထဲမှ ဦးခေါင်းနှင့်အမြီးကိုလည်းကောင်း၊ စွန်ပလွံအကိုင်းအခက်နှင့်ကျူပင်ကိုလည်းကောင်း တစ်နေ့တည်းတွင် ခုတ်ပစ်တော်မူမည်။
ကိုယ်တော်သည် သူတို့ကို စိုက်ပျိုးတော်မူသဖြင့် သူတို့သည် အမြစ်စွဲ၍ကြီးထွားလျက် အသီးသီးကြပါ၏။ သို့သော် သူတို့သည် ကိုယ်တော့်ကို နှုတ်ဖြင့်သာ ချဉ်းကပ်၏။ သူတို့၏အတွင်းသဘောမူကား ကိုယ်တော်နှင့် ဝေးကွာလျက်နေ၏။
သူသည် ပဋိညာဉ်ကိုချိုးဖောက်ခြင်းဖြင့် ကျိန်ဆိုခဲ့သည်ကိုမထီမဲ့မြင်ပြုလျက် တစ်ပါးသူကို အကူအညီတောင်း၏။ ထိုသို့ပြုသောကြောင့် သူသည် ဘေးလွတ်မည်မဟုတ်’ဟု မိန့်တော်မူ၏။
နောက်ဆုံးကာလတွင် တောင်ဘုရင်သည် သူ့ကို တွန်းလှန်တိုက်ခိုက်လိမ့်မည်။ မြောက်ဘုရင်သည်လည်း စစ်ရထားများ၊ မြင်းစီးသူရဲများ၊ သင်္ဘောများဖြင့် မုန်တိုင်းတိုက်သကဲ့သို့ ချီလာ၍ တိုင်းပြည်များကို ဝင်ရောက်လွှမ်းမိုးတိုက်ခိုက်သွားလိမ့်မည်။
နှစ်ပေါင်းကြာလာသောအခါ သူတို့ချင်းမိတ်ဖွဲ့ကြလိမ့်မည်။ ငြိမ်းချမ်းရေးရယူရန် တောင်ဘုရင်၏သမီးတော်သည် မြောက်ဘုရင်ထံဝင်ရောက်လိမ့်မည်။ သို့သော် ထိုမင်းသမီးသည် မိမိ၏တန်ခိုးအာဏာကို မထိန်းသိမ်းထားနိုင်။ ခမည်းတော်၏အာဏာလည်း မတည်တံ့။ ထိုအချိန်တွင် မင်းသမီးနှင့် သူ့အခြွေအရံများ၊ သူ့ခမည်းတော်နှင့် ဘက်တော်သားအားလုံး အပ်နှံခြင်းခံရလိမ့်မည်။
“ကြည့်ရှုလော့။ မီးဖိုမှမီးတောက်လောင်သကဲ့သို့ မီးတောက်လောင်သောနေ့ရက်ရောက်လာ၍ မာနထောင်လွှားသောသူအပေါင်းတို့နှင့် ဆိုးယုတ်သောသူအပေါင်းတို့သည် ရိုးပြတ်ကဲ့သို့ လောင်ကျွမ်းခြင်းခံရမည်။ ရောက်လာမည့်ထိုနေ့ရက်သည် သူတို့ကို အကိုင်းအခက်မှစ၍ အမြစ်ပါမကျန် လောင်ကျွမ်းလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သို့သော် ဘုရားသခင်သည် ထိုသူအား ‘အချင်းလူမိုက်၊ ဤည၌ပင် သင့်ဝိညာဉ်ကို သင့်ထံမှရုပ်သိမ်းကြလိမ့်မည်။ သို့ဖြစ်လျှင် သင်ပြင်ဆင်ထားသောအရာများသည် မည်သူ့ဥစ္စာဖြစ်လိမ့်မည်နည်း’ဟု မိန့်တော်မူ၏။