တောင်ဘုရင်လည်း ခံပြင်း၍ မြောက်ဘုရင်ကို ထွက်တိုက်မည်။ မြောက်ဘုရင်သည် စစ်သည်အလုံးအရင်းစုဆောင်းထားသော်လည်း ထိုစစ်သည်အလုံးအရင်းသည် တောင်ဘုရင်လက်သို့ ရောက်သွားရလိမ့်မည်။
ဒံယေလ 11:5 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် တောင်ဘက်မှရှင်ဘုရင်တစ်ပါး အင်အားကြီးလာလိမ့်မည်။ သို့သော် ထိုဘုရင်၏စစ်သူကြီးများထဲမှတစ်ဦးသည် သူ့ထက်အားကြီးလာ၍ ထိုနိုင်ငံကို အုပ်စိုးမည်။ သြဇာအာဏာကြီးမားမည်။ Common Language Bible ``အီဂျစ်ဘုရင်သည်တန်ခိုးကြီးမားမည်ဖြစ် သော်လည်း သူ၏စစ်သူကြီးတစ်ဦးကသူ့ထက် ပို၍ တန်ခိုးကြီး၍သူ၏နိုင်ငံထက်ကြီး ကျယ်သောနိုင်ငံကိုအုပ်စိုးလိမ့်မည်။- Garrad Bible ထို နောက် တောင် ပြည် ဘု ရင် တန် ခိုး ကြီး လိမ့် မည် ဖြစ် သော် လည်း၊ သူ၏ အ မတ် တစ် ပါး သည် သာ၍ တန် ခိုး ထူး ကဲ လျက် အုပ် ချုပ် ရ ပြီး လျှင် ၎င်း တိုင်း နိုင် ငံ ကြီး ကျယ် လိမ့် မည်။ Judson Bible ထိုအခါ တောင်ရှင်ဘုရင်သည် တန်ခိုးကြီးလိမ့်မည်။ မင်းစုထဲ၌ မင်းတစ်ပါးသည် ထိုသူထက်တန်ခိုးကြီး၍ အာဏာတည်လိမ့်မည်။ သူ၏အာဏာလည်း အလွန်ကျယ်လိမ့်မည်။ |
တောင်ဘုရင်လည်း ခံပြင်း၍ မြောက်ဘုရင်ကို ထွက်တိုက်မည်။ မြောက်ဘုရင်သည် စစ်သည်အလုံးအရင်းစုဆောင်းထားသော်လည်း ထိုစစ်သည်အလုံးအရင်းသည် တောင်ဘုရင်လက်သို့ ရောက်သွားရလိမ့်မည်။
ထိုအချိန်တွင် တောင်ဘုရင်ကို ဆန့်ကျင်၍ထကြွပုန်ကန်သောသူတို့ များပြားကြလိမ့်မည်။ ဗျာဒိတ်နိမိတ်အတိုင်း ဖြစ်လာရန် သင့်လူမျိုးထဲမှ ကြမ်းကြုတ်သောသူတို့သည်လည်း ထကြွပုန်ကန်ကြလိမ့်မည်။ သို့သော် သူတို့ ကျရှုံးကြလိမ့်မည်။
ထို့ပြင် သူသည် စစ်အင်အားအလုံးအရင်းနှင့်တကွ အားမာန်တင်းလျက် တောင်ဘုရင်ကို တိုက်ခိုက်လိမ့်မည်။ တောင်ဘုရင်သည် အင်အားကြီးသောစစ်တပ်ကြီးကို ပြင်ဆင်၍တိုက်ခိုက်ရန် ကြိုးပမ်းသော်လည်း ခုခံနိုင်မည်မဟုတ်။ အကြောင်းမှာ သူ့အပေါ် လျှို့ဝှက်ကြံစည်ကြသောကြောင့် ဖြစ်၏။
နောက်ဆုံးကာလတွင် တောင်ဘုရင်သည် သူ့ကို တွန်းလှန်တိုက်ခိုက်လိမ့်မည်။ မြောက်ဘုရင်သည်လည်း စစ်ရထားများ၊ မြင်းစီးသူရဲများ၊ သင်္ဘောများဖြင့် မုန်တိုင်းတိုက်သကဲ့သို့ ချီလာ၍ တိုင်းပြည်များကို ဝင်ရောက်လွှမ်းမိုးတိုက်ခိုက်သွားလိမ့်မည်။
မြင်းနက်များကသောစစ်ရထားသည် မြောက်ပြည်သို့ ထွက်သွား၍ မြင်းဖြူများကသောစစ်ရထားသည် သူတို့နောက်သို့ လိုက်၏။ အစက်အပြောက်ပါသောမြင်းများကသောစစ်ရထားသည် တောင်ပြည်သို့ ထွက်သွားလေ၏”ဟု ဆို၏။