အကြောင်းမှာ မြောက်ဘုရင်သည် ပထမအကြိမ်ထက်များသော စစ်သည်အလုံးအရင်းကို စုရုံး၍ အချိန်တန်သောအခါ လက်နက်အပြည့်အစုံပါသောစစ်တပ်ကြီးဖြင့် အမှန်ချီတက်လာလိမ့်မည်။
ဒံယေလ 11:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်တွင် တောင်ဘုရင်ကို ဆန့်ကျင်၍ထကြွပုန်ကန်သောသူတို့ များပြားကြလိမ့်မည်။ ဗျာဒိတ်နိမိတ်အတိုင်း ဖြစ်လာရန် သင့်လူမျိုးထဲမှ ကြမ်းကြုတ်သောသူတို့သည်လည်း ထကြွပုန်ကန်ကြလိမ့်မည်။ သို့သော် သူတို့ ကျရှုံးကြလိမ့်မည်။ Common Language Bible ထိုအခါအီဂျစ်ဘုရင်ကိုပုန်ကန်သူများ ကြလိမ့်မည်။ အချင်းဒံယေလ၊ သင်၏အမျိုး သားများအထဲမှအကြမ်းဖက်သမားအချို့ တို့သည် ဗျာဒိတ်ရူပါရုံပြည့်စုံစေအံ့ငှာပုန် ကန်ကြလိမ့်မည်။ သို့ရာတွင်သူတို့သည်အရေး ရှုံးနိမ့်ကြလိမ့်မည်။- Garrad Bible ထို ကာ လ၌ တောင် ဘု ရင် ကို ရန် ဘက် ပြု မည့် သူ တို့ သည် များ ပြား လျက် သင်၏ လူ မျိုး အ နက် သောင်း ကျန်း တတ် သူ တို့ လည်း ရူ ပါ ရုံ ကို အ တည် ပြု ခြင်း ငှာ ထ ကြွ သ ဖြင့် ပျက် စီး ပြို လဲ ကြ လိမ့် မည်။ Judson Bible ထိုကာလ၌ တောင်ရှင်ဘုရင်ကို ရန်ဘက်ပြုသော သူတို့သည် များကြလိမ့်မည်။ သင်၏အမျိုးသားချင်းဖြစ်သော သူပုန်တို့သည် ဗျာဒိတ်ရူပါရုံကို ပြည့်စုံစေခြင်းငှာထ၍၊ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ |
အကြောင်းမှာ မြောက်ဘုရင်သည် ပထမအကြိမ်ထက်များသော စစ်သည်အလုံးအရင်းကို စုရုံး၍ အချိန်တန်သောအခါ လက်နက်အပြည့်အစုံပါသောစစ်တပ်ကြီးဖြင့် အမှန်ချီတက်လာလိမ့်မည်။
မြောက်ဘုရင်သည် ချီလာ၍ မြေကတုတ်ကိုတည်ဆောက်ကာ ခံတပ်မြို့ကို သိမ်းပိုက်လိမ့်မည်။ တောင်ဘုရင်၏စစ်သည်တို့သည် သူ့ကို ခုခံနိုင်မည်မဟုတ်။ အထူးရွေးချယ်ထားသောစစ်သည်များပင် ခုခံနိုင်သောခွန်အားရှိမည်မဟုတ်။
အကြောင်းမူကား ဘုရားသခင်သည် မိမိ၏နှုတ်ကပတ်တော်များပြည့်စုံခြင်းသို့ရောက်သည်အထိ သူတို့သည် တစ်စိတ်တစ်သဘောတည်းဖြစ်လျက် မိမိတို့၏နိုင်ငံများကို သားရဲထံပေးအပ်ခြင်းအားဖြင့် ဘုရားသခင်၏အကြံအစည်တော်အတိုင်း ဆောင်ရွက်မည့်သဘောကို သူတို့၏စိတ်နှလုံးထဲ၌ ထည့်သွင်းတော်မူ၏။