ပါးရှားနိုင်ငံစောင့်မင်းသည် နှစ်ဆယ့်တစ်ရက်တိုင်တိုင် ငါ့ကိုဆီးတားနှောင့်ယှက်ခဲ့၏။ ငါ့ကို ပါးရှားဘုရင်တို့ထံ၌ ထားခဲ့သောကြောင့် အထွတ်အမြတ်မင်းစုထဲမှတစ်ပါးဖြစ်သောမိက္ခေလသည် ငါ့ကို လာရောက်ကူညီခဲ့ရ၏။
ဒံယေလ 10:21 - မြန်မာ့စံမီသမ္မာကျမ်း ယခု သမ္မာတရားကျမ်းတွင် ရေးထားသောအရာတို့ကို သင့်အား ငါပြောပြမည်။ ထိုသူတို့နှင့် တိုက်ခိုက်ရာတွင် သင်တို့၏မင်း မိက္ခေလမှတစ်ပါး ငါ့ကို ကူညီမည့်သူတစ်ယောက်မျှမရှိ။ Garrad Bible သို့ ရာ တွင် အ မှန် မှတ် ချက် ချ တော် မူ ပြီး သော အ မှု အ ရာ ကို ငါ ဖော် ပြ မည်။ ဤ အ မှု နှင့် စပ်၍ သင် တို့ မင်း မိ က္ခေ လ မှ တစ် ပါး ကူ ညီ သူ တစ် ဦး မျှ မ ရှိ ချေ။ Judson Bible သို့ရာတွင် သမ္မာကျမ်းစာ၌မှတ်သားသော အမှုအရာကို ငါပြဦးမည်။ ဤအမှုတို့တွင် သင်တို့၏မင်းမိက္ခေလမှတစ်ပါး ငါ့ဘက်မှာနေသောသူ မရှိ။ |
ပါးရှားနိုင်ငံစောင့်မင်းသည် နှစ်ဆယ့်တစ်ရက်တိုင်တိုင် ငါ့ကိုဆီးတားနှောင့်ယှက်ခဲ့၏။ ငါ့ကို ပါးရှားဘုရင်တို့ထံ၌ ထားခဲ့သောကြောင့် အထွတ်အမြတ်မင်းစုထဲမှတစ်ပါးဖြစ်သောမိက္ခေလသည် ငါ့ကို လာရောက်ကူညီခဲ့ရ၏။
ထိုကာလတွင် သင့်လူမျိုးကို စောင့်ရှောက်ပေးသော အထွတ်အမြတ်မင်းမိက္ခေလ ပေါ်လာလိမ့်မည်။ လူမျိုးတစ်မျိုးဖြစ်ပေါ်လာချိန်မှစ၍ ထိုကာလအထိ တစ်ခါမျှမဖြစ်ဖူးသောဆင်းရဲဒုက္ခကာလသည် ရောက်လာလိမ့်မည်။ သို့သော် ထိုနေ့ရက်တွင် စာစောင်ထဲ၌ စာရင်းဝင်သော သင့်လူမျိုးအားလုံး လွတ်မြောက်ခွင့်ရလိမ့်မည်။
အို ဒံယေလ၊ သင်မူကား နောက်ဆုံးကာလတိုင်အောင် ဤစကားတို့ကို လျှို့ဝှက်ထားလော့၊ ဤစာစောင်ကို တံဆိပ်ခတ်ထားလော့။ လူအများတို့မူကား လှည့်လည်ရှာဖွေ၍ အသိပညာတိုးပွားကြလိမ့်မည်”ဟု ငါ့အား ပြောပြ၏။
ညဥ့်ဦးယံ၊ နံနက်ယံ၌ ဖော်ပြသော ဗျာဒိတ်အာရုံသည်လည်း အမှန်ပင်ဖြစ်၏။ ဤဗျာဒိတ်နိမိတ်သည် နောင်လာမည့်နေ့ရက်ကာလနှင့်ဆိုင်သည်ဖြစ်၍ ၎င်းကို ဝှက်ထားလော့”ဟု ငါ့အား ရှင်းပြ၏။
သူက ငါ့အား “ဒံယေလ၊ သင့်အား ထိုးထွင်းသိမြင်နိုင်သောဉာဏ်ကိုပေးရန် ယခု ငါရောက်လာခြင်းဖြစ်၏။
ထို့ကြောင့် ဂျေရုဆလင်မြို့ကို ပြန်လည်ပြုပြင်တည်ဆောက်ရန် အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ ဘိသိက်ခံမင်းတစ်ပါးပေါ်ထွန်းမည့်နေ့အထိ ခုနစ်သီတင်းနှင့် ခြောက်ဆယ့်နှစ်သီတင်းကြာလိမ့်မည်ဟု သိနားလည်လော့။ ခဲယဉ်းသောကာလများ၌ပင် ထိုမြို့၏လမ်းနှင့်ကျုံးတို့ကို ပြန်လည်ပြုပြင်တည်ဆောက်ကြလိမ့်မည်။
စင်စစ် ဘုရားရှင်ထာဝရဘုရားသည် မိမိအကြံအစည်တော်ကို အစေအပါးပရောဖက်တို့အား မဖွင့်ပြဘဲ မည်သည့်အမှုကိုမျှ ပြုတော်မမူ။
ရှေးကာလမှစ၍ ဤအမှုအရာများကို သိစေတော်မူသောထာဝရဘုရား မိန့်တော်မူ၏’ဟူ၍ ရေးထားသည့်အတိုင်းဖြစ်၏။
ကောင်းကင်တမန်မင်းမိက္ခေလပင် မာရ်နတ်နှင့်ငြင်းခုံလျက် မောရှေ၏ကိုယ်ခန္ဓာနှင့်ပတ်သက်၍ အချေအတင်ပြောဆိုကြသောအခါ ရှုတ်ချပြစ်တင်သည့်စီရင်ခြင်းကိုမပြုဝံ့ဘဲ “ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါစေ”ဟူ၍သာ ပြောဆိုခဲ့၏။
ထို့နောက် ကောင်းကင်၌ စစ်ဖြစ်လေ၏။ မိက္ခေလနှင့်သူ၏ကောင်းကင်တမန်တို့သည် နဂါးနှင့်တိုက်ခိုက်ကြ၏။ နဂါးနှင့်သူ၏စေတမန်တို့သည် ပြန်လည်တိုက်ခိုက်ကြသော်လည်း