ဘုရားသခင်သည် ထိုလူငယ်လေးဦးအား ထိုးထွင်းဉာဏ်၊ စာပေကျမ်းဂန်အလုံးစုံကို နားလည်နိုင်သောဉာဏ်ပညာကို ပေးတော်မူ၏။ ထို့ပြင် ဒံယေလကို ဗျာဒိတ်နိမိတ်နှင့် အိပ်မက်အနက်ကို နားလည်နိုင်သောဉာဏ်ကိုလည်း ပေးသေး၏။
ဒံယေလ 1:18 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် သူတို့ကို ဘုရင့်ရှေ့တော်သွင်းရမည့်နေ့ရောက်လာသောအခါ နန်းတော်အုပ်သည် သူတို့ကို နေဗုခဒ်နေဇာမင်းကြီးရှေ့တော်သို့ ခေါ်ဆောင်လာ၏။ Common Language Bible မင်းကြီးသတ်မှတ်ပေးသည့်သုံးနှစ်တာကာလကုန်ဆုံးသွားသောအခါအာရှပေနတ်သည် လူငယ်လူရွယ်အားလုံးတို့အားနေဗုခဒ်နေဇာမင်း၏ထံတော်သို့သွင်းလေ၏။- Garrad Bible ရှေ့ တော် သို့ သွင်း ဆက် ရန် ချိန်း ချက် သော နေ့ တိုင် သော် မိန်း မ စိုး အုပ် သည် လူ ပျို တော် တို့ ကို နေ ဗု ခဒ် နေ ဇာ မင်း ထံ သွင်း ဆက် ရာ၊ Judson Bible နန်းတော်သို့ သွင်းစေခြင်းငှာ ချိန်းချက်တော်မူသော အချိန်ရောက်သော်၊ မိန်းမစိုးအုပ်သည် လုလင်များတို့ကိုခေါ်၍ နန်းတော်သို့ သွင်းလေ၏။ |
ဘုရားသခင်သည် ထိုလူငယ်လေးဦးအား ထိုးထွင်းဉာဏ်၊ စာပေကျမ်းဂန်အလုံးစုံကို နားလည်နိုင်သောဉာဏ်ပညာကို ပေးတော်မူ၏။ ထို့ပြင် ဒံယေလကို ဗျာဒိတ်နိမိတ်နှင့် အိပ်မက်အနက်ကို နားလည်နိုင်သောဉာဏ်ကိုလည်း ပေးသေး၏။
ရှင်ဘုရင်သည် သူတို့နှင့်အပြန်အလှန်ပြောဆိုကြည့်သောအခါ ဒံယေလ၊ ဟာနနိယ၊ မိရှေလ၊ အာဇရိတို့ကဲ့သို့သောသူ တစ်ယောက်မျှမတွေ့။ ထို့ကြောင့် သူတို့သည် ဘုရင့်ထံပါး၌ ခစားခွင့်ရလေ၏။
ရှင်ဘုရင်သည် ထိုသူတို့အား ဘုရင်စားသောအစားအစာ၊ ဘုရင်သောက်သောစပျစ်ဝိုင်ကို နေ့စဉ်ကျွေးမွေး၍ သုံးနှစ်တိုင်တိုင် သင်ကြားလေ့ကျင့်ပေးစေ၏။ သုံးနှစ်စေ့သောအခါ ဘုရင့်ရှေ့တော်တွင် အမှုထမ်းရန် စီရင်၏။
ထိုအခါ ဒံယေလသည် ရှင်ဘုရင်ထံ အခစားဝင်၍ ရှင်ဘုရင်၏အိပ်မက်အနက်အဓိပ္ပာယ်ကို ဖော်ပြနိုင်ရန် အချိန်ပေးပါမည့်အကြောင်း တောင်းခံလေ၏။