သူသည် အစ္စရေးလူမျိုးတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော လူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြု၏။
ဒေသနာကျမ်း။ 9:18 - မြန်မာ့စံမီသမ္မာကျမ်း ဉာဏ်ပညာသည် စစ်လက်နက်များထက် ပို၍ကောင်း၏။ သို့သော် အပြစ်ပြုသောသူတစ်ဦးသည် ကောင်းသောအမှုများစွာတို့ကို ဖျက်ဆီးတတ်၏။ Common Language Bible ပညာသည် စစ်လက်နက်ထက်သာ၍ ကောင်း မြတ်၏။ ဒုစရိုက်ကိုပြုသောသူသည်လည်း၊ ကောင်းသော အမှုများကို ဖျက်ဆီးတတ်၏။ Garrad Bible ဉာဏ် ပ ညာ သည် စစ် လက် နက် ထက်၊ ထက် မြက် သော် လည်း၊ အ ပြစ် သား တစ် ဦး သည် များ စွာ သော အ ကျိုး ကို ယုတ် စေ တတ်၏။ Judson Bible ပညာသည် စစ်လက်နက်ထက် သာ၍ကောင်းမြတ်၏။ ဒုစရိုက်ကိုပြုသောသူသည်လည်း၊ ကောင်းသောအမှုများကို ဖျက်ဆီးတတ်၏။ |
သူသည် အစ္စရေးလူမျိုးတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော လူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြု၏။
သင်ဆိုးယုတ်လျှင် သင်ကဲ့သို့သောလူကို ထိခိုက်နိုင်၏။ သင်ဖြောင့်မတ်လျှင် လူသားကို အကျိုးပြုနိုင်၏။
သေသောယင်ကောင်သည် အမွှေးနံ့သာဖော်စပ်သူ၏နံ့သာဆီကို အပုပ်နံ့ထွက်စေသကဲ့သို့ အနည်းငယ်သောမိုက်မဲခြင်းသည် ဉာဏ်ပညာနှင့် ဂုဏ်သရေထက် အလေးသာတတ်၏။
ပုဆိန်တုံးသောအခါ ၎င်း၏အသွားကိုမသွေးဘဲနေလျှင် ခွန်အားပို၍စိုက်ထုတ်ရလိမ့်မည်။ ဉာဏ်ပညာမူကား အောင်မြင်စေသောအကျိုးကျေးဇူးရှိ၏။
ထိုအခါ အလင်းသည် အမှောင်ထက် ပို၍အကျိုးရှိသကဲ့သို့ ဉာဏ်ပညာသည် မိုက်မဲခြင်းထက် ပို၍အကျိုးရှိသည်ကို ငါတွေ့မြင်၏။
အကြောင်းမူကား ငွေသည် အကာအကွယ်ဖြစ်သကဲ့သို့ ဉာဏ်ပညာသည် အကာအကွယ်ဖြစ်၏။ ဉာဏ်ပညာသည် ၎င်းကိုပိုင်ဆိုင်သောသူအား အသက်ရှင်စေတတ်၏။ ဤသည်ကား အသိပညာ၏အကျိုးဖြစ်၏။
ဉာဏ်ပညာသည် ပညာရှိသောသူကို မြို့ထဲ၌ရှိသောအုပ်ချုပ်သူဆယ်ဦးထက် ပို၍အားကြီးစေတတ်၏။
သို့ဖြစ်၍ ငါဆိုသည်ကား ဉာဏ်ပညာသည် အစွမ်းတန်ခိုးထက်ပို၍ကောင်း၏။ သို့သော် ဆင်းရဲသား၏ဉာဏ်ပညာသည် အထင်အမြင်သေးခြင်းခံရ၍ သူ၏စကားတို့ကို မည်သူမျှနားမထောင်ကြ။
ယန္နေနှင့်ယံဗြေတို့သည် မောရှေကိုဆန့်ကျင်ခဲ့သည့်နည်းတူ ထိုသူတို့သည်လည်း သမ္မာတရားကိုဆန့်ကျင်ကြ၏။ သူတို့သည် စိတ်နှလုံးပျက်စီးယိုယွင်းလျက် ယုံကြည်ခြင်းအရာ၌ ကျရှုံးသောသူများဖြစ်ကြ၏။
ဇေရအမျိုးသားအာခန်သည် ကျိန်ခြင်းခံရသောအရာကိုယူခြင်းဖြင့် အပြစ်ပြုသောကြောင့် သူတစ်ယောက်တည်း သေသည်မဟုတ်။ အစ္စရေးလူထုတစ်ရပ်လုံး အမျက်တော်ဒဏ်ခံခဲ့ရသည်မဟုတ်လော’ဟူ၍ ပြောဆိုကြသည်”ဟု ဆို၏။
ယုဒအမျိုးအနွယ်ထဲမှ ဇေရ၏မြစ်၊ ဇာဗဒိ၏မြေး၊ ကာမိ၏သား အာခန်သည် ကျိန်ခြင်းခံရသောအရာကိုယူခြင်းဖြင့် အစ္စရေးလူမျိုးတို့ကို အပြစ်ကျူးလွန်ရာရောက်စေ၏။ သို့ဖြစ်၍ ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို အမျက်ထွက်တော်မူ၏။
အာဣမြို့သားတို့သည် မြို့တံခါးမှ ရှေဗရိမ်အရပ်အထိ သူတို့နောက်သို့လိုက်၍ တောင်စောင်း၌ လူသုံးဆယ့်ခြောက်ယောက်ကို တိုက်ခိုက်သတ်ဖြတ်လေ၏။ ထို့ကြောင့် လူတို့သည် စိတ်ပျက်အားလျော့ကုန်လေ၏။
စစ်သည်တို့သည် ရန်သူတို့ထံမှ သိမ်းဆည်းရရှိလာသောအစားအစာများကို ယနေ့သာစိတ်ကြိုက်စားခွင့်ရခဲ့မည်ဆိုလျှင် မည်မျှအကျိုးရှိမည်နည်း။ ယခုမှာ ဖိလိတ္တိလူမျိုးတို့ကို များစွာမသုတ်သင်ပစ်နိုင်ခဲ့ပါတကား”ဟု ဆို၏။