ဒေသနာကျမ်း။ 9:15 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထိုမြို့၌ ပညာရှိသည့်ဆင်းရဲသောသူတစ်ယောက်ရှိ၍ သူသည် မိမိ၏ဉာဏ်ပညာအားဖြင့် ထိုမြို့ကိုကယ်တင်၏။ သို့ရာတွင် ထိုဆင်းရဲသောသူကို မည်သူမျှအောက်မေ့ခြင်းမရှိကြ။ Common Language Bible ထိုမြို့၌နေသော ဆင်းရဲသားပညာရှိတယောက် သည် မိမိပညာအားဖြင့် ထိုမြို့ကို ကယ်တင်၏။ သို့သော် လည်း၊ ထိုဆင်းရဲသားကို အဘယ်သူမျှ မအောက်မေ့။ Garrad Bible ၎င်း မြို့ တွင် ပ ညာ ရှိ ဆင်း ရဲ သား တစ် ယာက် ကို တွေ့ သ ဖြင့်၊ သူ့ ပ ညာ အ စွမ်း နှင့် ကယ် လွှတ် လေ၏။ သို့ ရာ တွင် ထို ပ ညာ ရှိ ဆင်း ရဲ သား ကို မည် သူ မျှ သ တိ မ ရ ချေ။ Judson Bible ထိုမြို့၌နေသော ဆင်းရဲသားပညာရှိတစ်ယောက်သည် မိမိပညာအားဖြင့် ထိုမြို့ကိုကယ်တင်၏။ သို့သော်လည်း၊ ထိုဆင်းရဲသားကို အဘယ်သူမျှမအောက်မေ့။ |
ထို့နောက် ထိုမိန်းမသည် အမြော်အမြင်ရှိသူပီပီ မြို့သားတို့ထံသွား၍ကြားပြောရာ သူတို့သည်လည်း ဗိခရိ၏သား ရှေဘ၏ခေါင်းကိုဖြတ်ပြီး ယွာဘထံ ပစ်ချ၏။ ယွာဘသည်လည်း တံပိုးမှုတ်လိုက်လျှင် သူ့လူတို့သည် မြို့မှထွက်ခွာ၍ အသီးသီးကိုယ့်အိမ်သို့ပြန်သွားကြ၏။ ယွာဘမူကား ရှင်ဘုရင်ရှိရာ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။
ပညာရှိသောသူသည် သူရဲကောင်းတို့၏မြို့သို့ ချီတက်၍ သူတို့ကိုးစားသော ခိုင်ခံ့သည့်နေရာကို ဖြိုချတတ်၏။
အမှန်စင်စစ် မိုက်မဲသောသူကဲ့သို့ပင် ပညာရှိသောသူသည်လည်း အစဉ်အမြဲအောက်မေ့ခြင်းခံရမည်မဟုတ်။ နောင်လာမည့်နေ့ရက်များတွင် အားလုံးသည် မေ့လျော့ခြင်းခံရလိမ့်မည်။ ပညာရှိသောသူသည် မိုက်မဲသောသူနည်းတူ သေတတ်ပါသည်တကား။
ဆင်းရဲသော်လည်း ပညာရှိသောလူငယ်သည် အသက်ကြီးသော်လည်း သတိပေးချက်ကိုလက်မခံတော့သည့် မိုက်မဲသောရှင်ဘုရင်ထက် ပို၍ကောင်း၏။
ဉာဏ်ပညာသည် ပညာရှိသောသူကို မြို့ထဲ၌ရှိသောအုပ်ချုပ်သူဆယ်ဦးထက် ပို၍အားကြီးစေတတ်၏။
တစ်ဖန် သန့်ရှင်းသောနေရာ၌ ဝင်ထွက်သွားလာခဲ့သည့် ဆိုးယုတ်သောသူတို့သည် သင်္ဂြိုဟ်ခြင်းခံရသည်ကိုငါတွေ့မြင်၏။ သူတို့သည် ထိုသို့ပြုခဲ့ရာမြို့တွင် မေ့လျော့ခြင်းခံရကြ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။