အကျွန်ုပ်သည် နေ့မှာ အပူဒဏ်၊ ညမှာ အအေးဒဏ်ကိုခံရပြီး အိပ်ရေးလည်း ပျက်ခဲ့ရပါသည်။
ဒေသနာကျမ်း။ 8:16 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ဉာဏ်ပညာကိုသိရှိရန်လည်းကောင်း၊ လူသည် နေ့ရောညပါမအိပ်ဘဲ ကမ္ဘာမြေကြီးပေါ်တွင်လုပ်ဆောင်တတ်သောအလုပ်ကိုတွေ့မြင်ရန်လည်းကောင်း ငါ၏စိတ်ကိုပိုင်းဖြတ်ထားသောအခါ Common Language Bible လူအချို့တို့သည် တနေ့နှင့်တညဉ့်လုံး မအိပ်ဘဲ နေတတ်သည်ဖြစ်၍၊ ပညာတရားကို သိခြင်းငှါ၎င်း၊ မြေကြီးပေါ်မှာ ပြုသောအမှုများကို ကြည့်ရှုခြင်းငှါ၎င်း၊ ငါသည် ကိုယ်နှလုံးကို နှိုးဆော်၏။ Garrad Bible နေ့ ညဉ့် မ ဟူ မျက် စိ မ မှိတ် သော အ ရှင် ရှိ သည် နှင့် အ ညီ၊ ဉာဏ် ပ ညာ ကို သိ ကျွမ်း၍၊ မြေ ပေါ် တွင် ပြု တတ် သော အ မှု အ ရေး ကို သိ မြင် ရန်၊ ငါ နှ လုံး သွင်း ရာ၊ ဘု ရား သ ခင် စီ မံ တော် မူ သည် ကို ငါ ရှု မှတ်၍၊ Judson Bible လူအချို့တို့သည် တစ်နေ့နှင့် တစ်ညလုံးမအိပ်ဘဲ နေတတ်သည်ဖြစ်၍၊ ပညာတရားကို သိခြင်းငှာလည်းကောင်း၊ မြေကြီးပေါ်မှာ ပြုသောအမှုများကို ကြည့်ရှုခြင်းငှာလည်းကောင်း၊ ငါသည် ကိုယ်နှလုံးကို နှိုးဆော်၏။ |
အကျွန်ုပ်သည် နေ့မှာ အပူဒဏ်၊ ညမှာ အအေးဒဏ်ကိုခံရပြီး အိပ်ရေးလည်း ပျက်ခဲ့ရပါသည်။
စောစောထလျက်၊ ညဥ့်နက်မှအိပ်လျက်၊ ခက်ခဲပင်ပန်းစွာ လုပ်ကိုင်စားသောက်လျက်နေခြင်းသည် သင့်အတွက် အချည်းနှီးဖြစ်၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိချစ်တော်မူသောသူအား အိပ်စက်ရသောအခွင့်ကိုပေးတော်မူ၏။
ငါသည် မိုးကောင်းကင်အောက်၌ပြုသမျှသောအရာတို့ကို ဉာဏ်ပညာအားဖြင့် ရှာဖွေရန်နှင့်စူးစမ်းရန် ငါ၏စိတ်ကိုပိုင်းဖြတ်ထား၏။ ၎င်းမှာ လူသားတို့ကိုရုန်းကန်စေရန် သူတို့အား ဘုရားသခင်ပေးအပ်တော်မူသည့် ငြီးငွေ့ဖွယ်ကောင်းသောအလုပ်ဖြစ်၏။
နေအောက်တွင်ပြုသမျှသောအမှုအားလုံးကို ငါမြင်၏။ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
တစ်ဖန် ဉာဏ်ပညာကိုသိမြင်ရန်လည်းကောင်း၊ ရူးသွပ်ခြင်းနှင့် မိုက်မဲခြင်းတို့ကို သိမြင်ရန်လည်းကောင်း ငါ၏စိတ်နှလုံးကိုမြှုပ်နှံထား၏။ ထိုအမှုအရာသည်လည်း လေကို လိုက်ဖမ်းခြင်းပင်ဖြစ်ကြောင်း ငါသိမြင်၏။
သူ၏နေ့ရက်ရှိသမျှတို့သည် ဒုက္ခဝေဒနာနှင့်ပြည့်လျက် သူ၏အလုပ်သည်ပူဆွေးစရာဖြစ်၏။ သူ၏စိတ်နှလုံးသည် ညအခါ၌ပင် မနားရပေ။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။
တစ်ကိုယ်တည်းဖြစ်လျက် အပေါင်းအဖော်မရှိ၊ သားလည်းမရှိ၊ ညီအစ်ကိုလည်းမရှိသောသူတစ်ဦးရှိ၏။ သို့သော် သူ၏ကြိုးပမ်းအားထုတ်မှုအားလုံး၌ အဆုံးမရှိ။ သူ၏မျက်စိသည်လည်း ဓနဥစ္စာ၌ကျေနပ်တင်းတိမ်သည်ဟူ၍မရှိ။ “ငါသည် မည်သူ့အတွက် ကြိုးပမ်းအားထုတ်လျက် ငါ၌ကောင်းကျိုးချမ်းသာချို့တဲ့စေရသနည်း”ဟူ၍လည်းမမေး။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး ငြီးငွေ့ဖွယ်ကောင်းသောအလုပ်ဖြစ်၏။
အလုပ်လုပ်သောသူသည် အနည်းငယ်စားသည်ဖြစ်စေ၊ များစွာစားသည်ဖြစ်စေ နှစ်ခြိုက်စွာအိပ်စက်တတ်၏။ ချမ်းသာသောသူ၏ဝပြောခြင်းမူကား ထိုချမ်းသာသောသူကိုအိပ်ပျော်ခွင့်မပေးတတ်။
ငါသည် ဉာဏ်ပညာနှင့်အကြောင်းအကျိုးတို့ကို သိရှိ၍စူးစမ်းရှာဖွေရန်လည်းကောင်း၊ စဉ်းစားဉာဏ်ကင်းမဲ့ခြင်း၏ဆိုးယုတ်မှုနှင့် ရူးသွပ်ခြင်း၏မိုက်မဲမှုတို့ကို သိရှိရန်လည်းကောင်း ငါ့စိတ်အာရုံကိုပြန်လှည့်လိုက်၏။
အကြောင်းမူကား နောင်ဖြစ်မည့်အရာကို မည်သူမျှမသိသည်ဖြစ်၍ မည်သည့်အရာဖြစ်လာမည်ကို မည်သူပြောနိုင်သနည်း။
ငါသည် နေအောက်တွင်ပြုသမျှသောအမှုအရာကို ဆင်ခြင်နှလုံးသွင်းသောအခါ ဤအရာအားလုံးကို တွေ့မြင်၏။ လူသည် အခြားသောသူကိုစိုးမိုး၍ သူကိုယ်တိုင် ဒုက္ခရောက်ရသောအချိန်ရှိ၏။