ယောဘသည် ထိုအမှုအရာများကြောင့် အပြစ်မပြု၊ ဘုရားသခင်ကိုလည်း အပြစ်မတင်ဘဲနေ၏။
ဒေသနာကျမ်း။ 8:14 - မြန်မာ့စံမီသမ္မာကျမ်း ကမ္ဘာမြေကြီးပေါ်တွင်ဖြစ်တတ်သည့် အချည်းနှီးသောအမှုတစ်ခုရှိ၏။ ၎င်းမှာ ဆိုးယုတ်သောသူတို့ခံထိုက်သောဆိုးကျိုးကို ခံရသည့်ဖြောင့်မတ်သောသူများရှိသကဲ့သို့ ဖြောင့်မတ်သောသူတို့ခံထိုက်သောကောင်းကျိုးကို ခံရသည့်ဆိုးယုတ်သောသူများလည်းရှိကြသည်ဟူ၍ဖြစ်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်သည်ဟု ငါဆို၏။ Common Language Bible မြေကြီးပေါ်မှာ ဖြစ်တတ်သော အနတ္တအမှု တပါးဟူမူကား၊ အဓမ္မလူပြုသောအမှုကြောင့် ခံထိုက် သည်အတိုင်း၊ ဖြောင့်မတ်သောသူအချို့တို့သည် အပြစ်ကို ခံရကြ၏။ ထိုနည်းတူ၊ ဖြောင့်မတ်သောသူ ပြုသောအမှု ကြောင့် ခံထိုက်သည်အတိုင်း၊ အဓမ္မလူအချို့တို့သည် အကျိုးကိုခံရကြ၏။ ထိုအမှုရာသည်လည်း အနတ္တဖြစ် သည်ဟု ငါ့သဘောရှိ၏။ Garrad Bible မြေ ပေါ် တွင် ဖြစ် တတ် သော အ န တ္တ အ မှု တစ် မျိုး မှာ၊ လူ ဆိုး တို့ အ ပြု အ မူ အ လိုက် ခံ ရ သော လူ ကောင်း၊ လူ ကောင်း တို့ အ ပြု အ မူ အ လိုက် ခံ ရ သော လူ ဆိုး များ ရှိ လေ စွ တ ကား။ ဤ အ ခြင်း အ ရာ လည်း အ န တ္တ ဖြစ် သည် ဟု ငါ အောက် မေ့ ၏။ Judson Bible မြေကြီးပေါ်မှာ ဖြစ်တတ်သော အနတ္တအမှုတစ်ပါးဟူမူကား၊ အဓမ္မလူပြုသောအမှုကြောင့် ခံထိုက်သည်အတိုင်း၊ ဖြောင့်မတ်သောသူအချို့တို့သည် အပြစ်ကိုခံရကြ၏။ ထိုနည်းတူ၊ ဖြောင့်မတ်သောသူပြုသောအမှုကြောင့် ခံထိုက်သည်အတိုင်း၊ အဓမ္မလူအချို့တို့သည် အကျိုးကို ခံရကြ၏။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်သည်ဟု ငါ့သဘောရှိ၏။ |
ယောဘသည် ထိုအမှုအရာများကြောင့် အပြစ်မပြု၊ ဘုရားသခင်ကိုလည်း အပြစ်မတင်ဘဲနေ၏။
အဘယ်ကြောင့် ဆိုးယုတ်သောသူတို့သည် အိုမင်းသည်အထိ အသက်ရှင်၍ သြဇာအာဏာကြီးနေရသနည်း။
ကြည့်ပါ။ သင်တို့အားလုံး ကိုယ်တိုင်မြင်လျက်နှင့် အဘယ်ကြောင့် အဓိပ္ပာယ်မရှိ အချည်းနှီးသောစကားတို့ကို ပြောဆိုကြသနည်း။
အကြောင်းမူကား ဆိုးယုတ်သောသူတို့ကောင်းစားကြသည်ကိုငါမြင်၍ ဝါကြွားတတ်သောသူတို့ကို ငါငြူစူမိသောကြောင့်ဖြစ်၏။
နေအောက်တွင် ငါတွေ့မြင်သောမကောင်းမှုတစ်ခုရှိ၏။ ၎င်းမှာ အုပ်ချုပ်သူက မတော်တဆပြုမိသောအမှားမျိုးဖြစ်ပြီး
ပညာရှိသောသူ၏မျက်စိသည် သူ၏ဦးခေါင်းထဲ၌ရှိ၏။ မိုက်မဲသောသူမူကား အမှောင်ထဲ၌လျှောက်လှမ်းတတ်၏။ သို့ရာတွင် တစ်ခုတည်းသောအဖြစ်သည် သူတို့အားလုံး၌ဖြစ်ပျက်သည်ကို ငါသိ၏။
တစ်ဖန် ကြိုးပမ်းအားထုတ်မှုအားလုံးနှင့် ကျွမ်းကျင်စွာပြုသောအမှုအားလုံးတို့သည် လူအချင်းချင်းတို့၏မနာလိုဝန်တိုမှုကြောင့်သာဖြစ်ကြောင်း ငါတွေ့မြင်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
တစ်ကိုယ်တည်းဖြစ်လျက် အပေါင်းအဖော်မရှိ၊ သားလည်းမရှိ၊ ညီအစ်ကိုလည်းမရှိသောသူတစ်ဦးရှိ၏။ သို့သော် သူ၏ကြိုးပမ်းအားထုတ်မှုအားလုံး၌ အဆုံးမရှိ။ သူ၏မျက်စိသည်လည်း ဓနဥစ္စာ၌ကျေနပ်တင်းတိမ်သည်ဟူ၍မရှိ။ “ငါသည် မည်သူ့အတွက် ကြိုးပမ်းအားထုတ်လျက် ငါ၌ကောင်းကျိုးချမ်းသာချို့တဲ့စေရသနည်း”ဟူ၍လည်းမမေး။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး ငြီးငွေ့ဖွယ်ကောင်းသောအလုပ်ဖြစ်၏။
ငါ၏အချည်းနှီးသောနေ့ရက်များ၌ ခပ်သိမ်းသောအမှုတို့ကို ငါတွေ့မြင်ပြီ။ မိမိ၏ဖြောင့်မတ်ခြင်းထဲ၌ ပျက်စီးရသည့် ဖြောင့်မတ်သောသူရှိသကဲ့သို့ မိမိ၏ဆိုးယုတ်ခြင်းထဲ၌ အသက်ရှည်ရသည့်ဆိုးယုတ်သောသူလည်းရှိ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော့်ထံ ယူဆောင်လာသောအခါ ကိုယ်တော်သည် ဖြောင့်မတ်စွာစီရင်ပေးပါ၏။ ထို့ကြောင့် ကိုယ်တော်အား တရားမျှတမှုအကြောင်းကို မေးလျှောက်လိုပါ၏။ ဆိုးယုတ်သောသူတို့သည် အဘယ်ကြောင့် ကြီးပွားကြပါသနည်း။ သစ္စာမဲ့သောသူတို့သည် အဘယ်ကြောင့် ကောင်းစားကြပါသနည်း။
ထို့ကြောင့် ယခုမှာ အကျွန်ုပ်တို့သည် မာနထောင်လွှားသောသူကို မင်္ဂလာရှိသောသူဟု မှတ်ယူ၏။ အကယ်စင်စစ် ဆိုးယုတ်သောသူတို့သည် ကြီးပွားတိုးတက်၏။ ဘုရားသခင်ကို စမ်းသပ်သောသူတို့သည်လည်း ဘေးဒုက္ခမရောက်”ဟု ဆိုကြပြီ။