ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာများကို ထုတ်ဆောင်၍ ထိုအရာအားလုံးအပြင် ရှောလမုန်မင်းကြီးပြုလုပ်ခဲ့သောရွှေဒိုင်းလွှားအားလုံးကိုလည်း ယူဆောင်သွား၏။
ဒေသနာကျမ်း။ 5:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုဓနဥစ္စာသည် အဖြစ်ဆိုးတစ်ခုကြောင့်ဆုံးရှုံးသွား၍ ထိုသူသည် သားကိုရသော်လည်း ထိုသား၏လက်တွင် မည်သည့်အရာမျှမရှိချေ။ Common Language Bible ထိုစည်းစိမ်သည် မကောင်းသောအမှုအားဖြင့် ပျောက်ပျက်တတ်၏။ စည်းစိမ်ရှင်မြင်သော သားသည် လည်း လက်ချည်းနေရ၏။ Garrad Bible မ ကောင်း သော အ မှု အ ရာ ကြောင့် ကုန် ခန်း သ ဖြင့်၊ အ မွေ ခံ သား သည်၊ လက် ချည်း ပင် နေ ရ သ တည်း။ Judson Bible ထိုစည်းစိမ်သည် မကောင်းသောအမှုအားဖြင့် ပျောက်ပျက်တတ်၏။ စည်းစိမ်ရှင်မြင်သော သားသည်လည်း လက်ချည်းနေရ၏။ |
ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာများကို ထုတ်ဆောင်၍ ထိုအရာအားလုံးအပြင် ရှောလမုန်မင်းကြီးပြုလုပ်ခဲ့သောရွှေဒိုင်းလွှားအားလုံးကိုလည်း ယူဆောင်သွား၏။
“ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲမှထွက်လာ၏။ အဝတ်မပါဘဲ ပြန်သွားရတော့မည်။ ထာဝရဘုရား ပေးသနားတော်မူ၏။ ထာဝရဘုရား ပြန်ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း”ဟု ဆိုလေ၏။
သူရိတ်သိမ်းထားသောသီးနှံများ ဆူးပင်ကြား၌ဝှက်ထားလျှင်ပင် ဆာလောင်မွတ်သိပ်သောသူသည် ယူစားလိမ့်မည်။ သူခိုးဓားပြတို့သည် သူ၏ဥစ္စာပစ္စည်းကို တိုက်ယူသွားလိမ့်မည်။
အကယ်စင်စစ် လူသည်အရိပ်ကဲ့သို့သွားလာပါ၏။ သူတို့သည် အချည်းနှီးသောအရာကြောင့်သာ မငြိမ်မသက်ဖြစ်တတ်ကြပါ၏။ လူသည် ဥစ္စာများစုဆောင်းသော်လည်း ၎င်းတို့အား မည်သူရမည်ကိုမသိပါ။
သူသည် အသက်ရှင်နေစဉ် မိမိကိုယ်ကိုကောင်းချီးပေးတတ်၏။ သင်သည် မိမိအတွက် ကောင်းသောအမှုကိုပြုသည့်အခါလည်း လူတို့သည် သင့်ကိုချီးမွမ်းတတ်ကြ၏။
ထိုချမ်းသာကြွယ်ဝမှုကို သင်၏မျက်စိဖြင့် ဝေ့ကြည့်လိုက်သောအခါ ၎င်းသည် ရှိတော့မည်မဟုတ်။ အကြောင်းမူကား ၎င်းသည် ရုတ်တရက်အတောင်ပေါက်၍ လင်းယုန်ကဲ့သို့ ကောင်းကင်သို့ပျံသန်းသွားလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိစိတ်တော်နှင့်တွေ့သောသူအား ဉာဏ်ပညာ၊ အသိပညာနှင့်ဝမ်းမြောက်ခြင်းတို့ကို ပေးတော်မူ၏။ အပြစ်ပြုသောသူကိုကား ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူအားပေးအပ်ရန်အတွက် စုသိမ်း၍သိုမှီးထားရသည့်အလုပ်ကို ပေးတော်မူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
နေအောက်တွင် ငါတွေ့မြင်ရသည့် ဆိုးရွား၍ငြီးငွေ့ဖွယ်ကောင်းသောအမှုတစ်ခုရှိ၏။ ထိုအမှုမှာ ဓနဥစ္စာသည် ၎င်းကိုထိန်းသိမ်းထားသောပိုင်ရှင်အား ဒုက္ခပေးခြင်းပင်ဖြစ်၏။
သူသည် အမိဝမ်းထဲမှ အဝတ်မပါအချည်းစည်းထွက်လာသည့်နည်းတူ ပြန်သည့်အခါ၌လည်း မိမိလာသည့်အတိုင်း ပြန်သွားရမည်။ မိမိ၏လက်တွင် မိမိကြိုးပမ်းအားထုတ်မှုထဲမှ ဘာမျှမယူဆောင်ဘဲသွားရမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့သည် များများရမည်ဟုမျှော်လင့်သော်လည်း နည်းနည်းသာ ရ၏။ သင်တို့အိမ်သို့ယူဆောင်လာသောအရာကို ငါမှုတ်ထုတ်ပစ်လိုက်၏။ အဘယ်ကြောင့်နည်းဟူမူကား ငါ့အိမ်တော်မှာပျက်စီးယိုယွင်းလျက်နှင့် သင်တို့အသီးသီးသည် ကိုယ့်အိမ်ဖို့သာ အလုပ်များနေကြသောကြောင့်ဖြစ်၏’ဟု မိန့်တော်မူ၏။
သင့်အမျိုးအနွယ်ထဲမှ ကြွင်းကျန်သောသူအားလုံးတို့သည် သူ့ထံသို့လာ၍ စားစရာအနည်းငယ်ရဖို့ ယဇ်ပုရောဟိတ်ဆိုင်ရာအလုပ်တစ်ခုခု လုပ်ခွင့်ပြုပါဟု ဆိုပြီး ငွေတစ်စရဖို့၊ မုန့်တစ်လုံးစာရဖို့ ဦးညွှတ်ခယတောင်းဆိုရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြောဆိုလေ၏။