ဒေသနာကျမ်း။ 4:3 - မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် လူဖြစ်မလာသေးသောသူ၊ နေအောက်တွင်ပြုသောမကောင်းမှုကို မမြင်သေးသောသူသည် ထိုနှစ်ဦးတို့ထက်ပို၍ကောင်း၏။ Common Language Bible သို့ရာတွင် တခါမျှ မဖြစ်သေးသောသူ၊ နေ အောက်မှာ ပြုသော ဒုစရိုက်ကိုမမြင်သေးသောသူသည် ထိုနှစ်ဦးထက်သာ၍ မင်္ဂလာရှိ၏။ Garrad Bible မု ချ အား ဖြင့် ထို နှစ် ဦး ထက်၊ မ ဖြစ် သေး ၍၊ နေ အောက် တွင် ပြု တတ် သော မ ကောင်း မှု ကို မ တွေ့ ဘူး သူ သည်၊ သာ၍ ကောင်း လေ စွ တ ကား။ Judson Bible သို့ရာတွင် တစ်ခါမျှ မဖြစ်သေးသောသူ၊ နေအောက်မှာ ပြုသောဒုစရိုက်ကို မမြင်သေးသောသူသည် ထိုနှစ်ဦးထက် သာ၍မင်္ဂလာရှိ၏။ |
နေအောက်တွင်ပြုသမျှသောအမှုအားလုံးကို ငါမြင်၏။ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
ထို့ကြောင့် ငါသည် အသက်ရှင်ရခြင်းကိုမုန်း၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင်ပြုသောအမှုသည် ငါ့အတွက် ငြီးငွေ့ဖွယ်ကောင်း၏။ အကြောင်းမူကား ခပ်သိမ်းသောအရာသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
ထိုနေ့ရက်တို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့စို့ကလေးငယ်ရှိသောမိခင်များသည် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြလိမ့်မည်။
အကြောင်းမူကား မြုံသောမိန်းမ၊ သန္ဓေမလွယ်ဖူးသောဝမ်းနှင့် သူငယ်မစို့ဖူးသောသားမြတ်တို့သည် မင်္ဂလာရှိ၏ဟုဆိုကြမည့်နေ့ရက်များရောက်လာလိမ့်မည်။