အဗရှလုံသည် အဆုံးအဖြတ်ခံယူရန် ရှင်ဘုရင်ထံသို့လာသောအစ္စရေးလူမျိုးအပေါင်းတို့ကို ဤနည်းအတိုင်း ဆက်ဆံခြင်းဖြင့် အစ္စရေးအမျိုးသားတို့၏နှလုံးသားကို သိမ်းသွင်းထားလေ၏။
ဒေသနာကျမ်း။ 4:15 - မြန်မာ့စံမီသမ္မာကျမ်း နေအောက်တွင်အသက်ရှင်သွားလာသောသူအပေါင်းတို့သည် ရှင်ဘုရင်အရိုက်အရာကိုခံရသည့် ဒုတိယလူဖြစ်သောထိုလူငယ်ဘက်၌ နေတတ်ကြသည်ကို ငါတွေ့မြင်၏။ Common Language Bible နေအောက်မှာ ကျင်လည်သော သတ္တဝါ အပေါင်းတို့သည် မင်းအရိပ်အရာကိုခံရသော ထိုဒုတိယ သူဘက်၌ နေတတ်ကြသည်ကို ငါဆင်ခြင်၏။ Garrad Bible အ ထက် မင်း အ ရိုက် အ ရာ ကို၊ ဆက် ခံ ရ သော ထို လု လင် ပျို ဘက်၌၊ နေ အောက် တွင် သက် ရှင် သွား လာ သူ အ ပေါင်း တို့ ရှိ ကြောင်း ကို ငါ မြင် ရာ၊ Judson Bible နေအောက်မှာ ကျင်လည်သော သတ္တဝါအပေါင်းတို့သည် မင်းအရိုက်အရာကိုခံရသော ထိုဒုတိယသူဘက်၌ နေတတ်ကြသည်ကို ငါဆင်ခြင်၏။ |
အဗရှလုံသည် အဆုံးအဖြတ်ခံယူရန် ရှင်ဘုရင်ထံသို့လာသောအစ္စရေးလူမျိုးအပေါင်းတို့ကို ဤနည်းအတိုင်း ဆက်ဆံခြင်းဖြင့် အစ္စရေးအမျိုးသားတို့၏နှလုံးသားကို သိမ်းသွင်းထားလေ၏။
အကြောင်းမူကား ထိုလူငယ်သည် မိမိ၏နိုင်ငံတွင်ဆင်းရဲသောသူအဖြစ်မွေးဖွားလာသော်လည်း နန်းစံရန်အတွက် အကျဉ်းထောင်မှထွက်လာခဲ့သူဖြစ်၏။
ထိုရှင်ဘုရင်မတိုင်မီရှိခဲ့သူအားလုံးတည်းဟူသော လူအပေါင်းတို့သည် မဆုံးနိုင်။ သို့သော် နောက်ဖြစ်ပေါ်လာသောသူတို့သည် သူ့ကိုနှစ်သက်ကြလိမ့်မည်မဟုတ်။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။