ခက်ခဲပင်ပန်းသောအလုပ်ရှိသမျှတို့၌ အကျိုးအမြတ်ရှိ၏။ အပြောသက်သက်မူကား ချို့တဲ့နွမ်းပါးခြင်းကိုသာဖြစ်စေ၏။
ဒေသနာကျမ်း။ 3:9 - မြန်မာ့စံမီသမ္မာကျမ်း အလုပ်လုပ်သောသူသည် မိမိ၏ကြိုးပမ်းအားထုတ်မှုမှ မည်သည့်အကျိုးကိုရရှိသနည်း။ Common Language Bible လုပ်ကိုင်သောသူသည် ကြိုးစားအားထုတ်ရာ တွင်၊ အဘယ်ကျေးဇူးရှိသနည်း။ Garrad Bible လုပ် ဆောင် ရ သူ သည်၊ ကိုယ့် လုပ် ကိုင် မှု ဖြင့်၊ မည် သည့် အ ကျိုး ရှိ သ နည်း။ Judson Bible လုပ်ကိုင်သောသူသည် ကြိုးစားအားထုတ်ရာတွင်၊ အဘယ်ကျေးဇူးရှိသနည်း။ |
ခက်ခဲပင်ပန်းသောအလုပ်ရှိသမျှတို့၌ အကျိုးအမြတ်ရှိ၏။ အပြောသက်သက်မူကား ချို့တဲ့နွမ်းပါးခြင်းကိုသာဖြစ်စေ၏။
လူသည် နေအောက်တွင် သူကြိုးပမ်းအားထုတ်သည့် သူ၏ကြိုးပမ်းအားထုတ်မှုအားလုံးတို့မှ မည်သည့်အကျိုးကိုရရှိသနည်း။
သို့သော် ငါ့လက်ဖြင့်ပြုခဲ့သောအမှုအားလုံးတို့ကိုလည်းကောင်း၊ ထိုအမှုတို့ကိုပြုလုပ်ရန် ငါကြိုးပမ်းအားထုတ်ခဲ့သည့် ငါ၏ကြိုးပမ်းအားထုတ်မှုကိုလည်းကောင်း ငါပြန်၍ဆန်းစစ်သောအခါ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။ နေအောက်တွင် အကျိုးဖြစ်စေသောအရာတစ်စုံတစ်ခုမျှမရှိ။
ဤအရာသည်လည်း ဆိုးရွား၍ငြီးငွေ့ဖွယ်ကောင်းသောအမှုဖြစ်၏။ လူသည် မိမိလာသည့်အတိုင်း အလျှင်းမခြားနားဘဲ ပြန်သွားရမည်။ သူသည် လေအတွက်ကြိုးပမ်းအားထုတ်သည်ဖြစ်၍ သူ၌မည်သည့်အကျိုးရှိသနည်း။
လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။ တစ်နည်းအားဖြင့် လူသည် မည်သည့်အရာကိုပေး၍ မိမိအသက်ဝိညာဉ်ကို ပြန်ရွေးနိုင်မည်နည်း။
ထိုသို့သောသူတို့မှစ၍ သူတို့နှင့်အတူလုပ်ဆောင်လျက် ကြိုးစားအားထုတ်နေသောသူအားလုံးတို့ကိုနာခံကြရန် သင်တို့အား ငါတိုက်တွန်းနှိုးဆော်၏။