သူ၏နေ့ရက်ရှိသမျှတို့သည် ဒုက္ခဝေဒနာနှင့်ပြည့်လျက် သူ၏အလုပ်သည်ပူဆွေးစရာဖြစ်၏။ သူ၏စိတ်နှလုံးသည် ညအခါ၌ပင် မနားရပေ။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။
သူ၏နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း၊ သူ၏အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏။ ညဉ့်အခါ၌ ပင် သူ၏စိတ်နှလုံး မငြိမ်ရ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
သူ့ နေ့ ရက် တာ အ တွင်း၊ အ မှု အ ရေး သည် နစ် နာ ခြင်း၊ ပူ ဆွေး ခြင်း နှင့် ပြည့် စုံ သည့် ပြင်၊ ညဉ့် အ ခါ လည်း၊ စိတ် သက် သာ ခွင့် မ ရှိ။ ဤ အ ခြင်း အ ရာ လည်း အ န တ္တ ဖြစ် ၏။
သူ၏နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း၊ သူ၏အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏။ ညအခါ၌ပင် သူ၏စိတ်နှလုံး မငြိမ်ရ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
ထို့နောက် အာဒံအား “သင်သည် မိမိမယား၏စကားကိုနားထောင်၍ မစားရဟု သင့်အား ငါပညတ်ထားသောအပင်၏အသီးကိုစားသောကြောင့် မြေသည် သင့်အတွက် ကျိန်ခြင်းကိုခံရ၏။ သင်သည် အသက်ရှင်သမျှကာလပတ်လုံး မြေ၏အသီးကို ပင်ပန်းခက်ခဲစွာလုပ်ကိုင်စားသောက်ရမည်။
ယာကုပ်က “အကျွန်ုပ်သွားလာနေထိုင်ခဲ့သော နေ့ရက်နှစ်ကာလမှာ တစ်ရာ့သုံးဆယ်ရှိပါပြီ။ အကျွန်ုပ်အသက်ရှင်သော နေ့ရက်နှစ်ကာလသည် တိုတောင်း၍ဆိုးရွားပါ၏။ အကျွန်ုပ်ဘိုးဘေးတို့ အသက်ရှင်သွားလာနေထိုင်ခဲ့သော နေ့ရက်နှစ်ကာလကို မမီပါ”ဟု လျှောက်လေ၏။
ထိုညတွင် ရှင်ဘုရင်သည် အိပ်မပျော်သဖြင့် ရာဇဝင်မှတ်တမ်းစာလိပ်ကို ယူလာရန် အမိန့်ပေး၏။ သူတို့သည်လည်းယူလာ၍ ဘုရင့်ရှေ့မှောက်၌ ဖတ်ပြကြ၏။
မိန်းမမှမွေးလာသောလူသည် အသက်တာတိုတောင်း၍ ဆင်းရဲဒုက္ခများနှင့် ပြည့်နှက်နေပါ၏။
မီးပွားတို့သည် အထက်သို့လွင့်သွားသကဲ့သို့ လူသည် အခက်အခဲပြဿနာ၌ကျင်လည်ရန် မွေးဖွားလာ၏။
စောစောထလျက်၊ ညဥ့်နက်မှအိပ်လျက်၊ ခက်ခဲပင်ပန်းစွာ လုပ်ကိုင်စားသောက်လျက်နေခြင်းသည် သင့်အတွက် အချည်းနှီးဖြစ်၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိချစ်တော်မူသောသူအား အိပ်စက်ရသောအခွင့်ကိုပေးတော်မူ၏။
အကြောင်းမူကား ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်အပေါ်၌ နေ့ညမပြတ်လေးလံလျက်ရှိပါ၏။ အကျွန်ုပ်၏စိုပြည်လန်းဆန်းမှုသည် နွေကာလ၏အပူရှိန်၌ကဲ့သို့ ကုန်ခန်းပါပြီ။(စေလာ)
အကျွန်ုပ်တို့ကို နှိမ့်ချတော်မူခဲ့သည့်နေ့ရက်များ၊ အကျွန်ုပ်တို့ ဒုက္ခနှင့်ကြုံတွေ့ခဲ့ရသည့် နှစ်ကာလများနှင့်အမျှ အကျွန်ုပ်တို့ကို ဝမ်းမြောက်စေတော်မူပါ။
ငါသည် မိုးကောင်းကင်အောက်၌ပြုသမျှသောအရာတို့ကို ဉာဏ်ပညာအားဖြင့် ရှာဖွေရန်နှင့်စူးစမ်းရန် ငါ၏စိတ်ကိုပိုင်းဖြတ်ထား၏။ ၎င်းမှာ လူသားတို့ကိုရုန်းကန်စေရန် သူတို့အား ဘုရားသခင်ပေးအပ်တော်မူသည့် ငြီးငွေ့ဖွယ်ကောင်းသောအလုပ်ဖြစ်၏။
အကြောင်းမူကား ဉာဏ်ပညာများပြားသောအခါ ပူဆွေးခြင်းလည်း များပြား၏။ အသိပညာတိုးပွားသောအခါ ဒုက္ခဝေဒနာလည်း တိုးပွား၏။
သို့သော် ငါ့လက်ဖြင့်ပြုခဲ့သောအမှုအားလုံးတို့ကိုလည်းကောင်း၊ ထိုအမှုတို့ကိုပြုလုပ်ရန် ငါကြိုးပမ်းအားထုတ်ခဲ့သည့် ငါ၏ကြိုးပမ်းအားထုတ်မှုကိုလည်းကောင်း ငါပြန်၍ဆန်းစစ်သောအခါ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။ နေအောက်တွင် အကျိုးဖြစ်စေသောအရာတစ်စုံတစ်ခုမျှမရှိ။
အလုပ်လုပ်သောသူသည် အနည်းငယ်စားသည်ဖြစ်စေ၊ များစွာစားသည်ဖြစ်စေ နှစ်ခြိုက်စွာအိပ်စက်တတ်၏။ ချမ်းသာသောသူ၏ဝပြောခြင်းမူကား ထိုချမ်းသာသောသူကိုအိပ်ပျော်ခွင့်မပေးတတ်။
သူသည် မိမိ၏နေ့ရက်အားလုံးတို့၌ များစွာစိတ်ပျက်ခြင်း၊ ဝေဒနာခံစားရခြင်းနှင့် အမျက်ထွက်ခြင်းဖြင့် အမှောင်ထဲတွင်စားသောက်ရမည်။
ငါသည် ဉာဏ်ပညာကိုသိရှိရန်လည်းကောင်း၊ လူသည် နေ့ရောညပါမအိပ်ဘဲ ကမ္ဘာမြေကြီးပေါ်တွင်လုပ်ဆောင်တတ်သောအလုပ်ကိုတွေ့မြင်ရန်လည်းကောင်း ငါ၏စိတ်ကိုပိုင်းဖြတ်ထားသောအခါ
ရှင်ဘုရင်သည် နန်းတော်သို့ပြန်လာ၍ တစ်ညလုံး စားတော်မခေါ်၊ ဖျော်ဖြေပွဲများလည်း ရှေ့တော်မသွင်း၊ စက်တော်လည်း မခေါ်နိုင်ဘဲ ရှိလေ၏။
တပည့်တော်တို့၏စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်း၌ ဆက်၍တည်နေကြရန် တိုက်တွန်းနှိုးဆော်ကာ “ငါတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် များစွာသောဆင်းရဲဒုက္ခကို ဖြတ်သန်းရမည်”ဟု ဆိုကြ၏။