အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဒေသနာကျမ်း။ 2:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

လူ​သည် နေ​အောက်​တွင်​ကြိုးပမ်းအားထုတ်​သည့် သူ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​အတွက်​လည်းကောင်း​၊ သူ​၏​စိတ်နှလုံး​စွဲလမ်းသောအရာ​များ​အတွက်​လည်းကောင်း မည်သည့်​အရာ​ကို​ရရှိ​သနည်း​။

အခန်းကိုကြည့်ပါ။

Common Language Bible

လူသည်နေအောက်မှာ ကြိုးစားအားထုတ်သော အမှု အလွန်စိတ်စွဲလမ်းသောအမှု၊ အလုံစုံတို့၌ အဘယ် အကျိုးရှိသနည်း။

အခန်းကိုကြည့်ပါ။

Garrad Bible

လူ သည် နေ အောက် တွင် ဝိ ရိ ယ စိုက်၍ ကြိုး ပမ်း စွာ လုပ် ကိုင် သ မျှ ကား၊ မည် သည့် အ ကျိုး ရှိ သ နည်း။

အခန်းကိုကြည့်ပါ။

Judson Bible

လူ​သည် နေ​အောက်​မှာ ကြိုး​စား​အား​ထုတ်​သော​အ​မှု၊ အ​လွန်​စိတ်​စွဲ​လမ်း​သော​အ​မှု၊ အ​လုံး​စုံ​တို့၌ အ​ဘယ်​အ​ကျိုး ရှိ​သ​နည်း။

အခန်းကိုကြည့်ပါ။



ဒေသနာကျမ်း။ 2:22
21 ပူးပေါင်းရင်းမြစ်များ  

စောစော​ထ​လျက်​၊ ညဥ့်နက်​မှ​အိပ်​လျက်​၊ ခက်ခဲပင်ပန်း​စွာ လုပ်ကိုင်​စားသောက်​လျက်​နေ​ခြင်း​သည် သင့်​အတွက် အချည်းနှီး​ဖြစ်​၏​။ အကြောင်းမူကား ကိုယ်တော်​သည် မိမိ​ချစ်​တော်မူ​သော​သူ​အား အိပ်စက်​ရ​သော​အခွင့်​ကို​ပေး​တော်မူ​၏​။


အလုပ်လုပ်​သော​သူ​၏​ပါးစပ်​သည် သူ့​ကို​တွန်းအား​ပေး​သောကြောင့် သူ​၏​စိတ်ဆန္ဒ​သည် သူ့​အတွက် ကြိုးပမ်းအားထုတ်​တတ်​၏​။


လူ​သည် နေ​အောက်​တွင် သူ​ကြိုးပမ်းအားထုတ်​သည့် သူ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​တို့​မှ မည်သည့်​အကျိုး​ကို​ရရှိ​သနည်း​။


သို့သော် ငါ့​လက်​ဖြင့်​ပြု​ခဲ့​သော​အမှု​အားလုံး​တို့​ကို​လည်းကောင်း​၊ ထို​အမှု​တို့​ကို​ပြုလုပ်​ရန် ငါ​ကြိုးပမ်းအားထုတ်​ခဲ့​သည့် ငါ​၏​ကြိုးပမ်းအားထုတ်မှု​ကို​လည်းကောင်း ငါ​ပြန်​၍​ဆန်းစစ်​သောအခါ ကြည့်ရှု​လော့​။ အားလုံး​သည် အချည်းနှီး​ဖြစ်ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။ နေ​အောက်​တွင် အကျိုး​ဖြစ်စေ​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​။


အလုပ်​လုပ်​သော​သူ​သည် မိမိ​၏​ကြိုးပမ်းအားထုတ်မှု​မှ မည်သည့်​အကျိုး​ကို​ရရှိ​သနည်း​။


လက်တစ်ဆုပ်စာ​အေးချမ်းမှု​သည် လက်ခုပ်တစ်ခုပ်စာ​ကြိုးပမ်းအားထုတ်မှု​နှင့် လေ​ကို​လိုက်ဖမ်း​ခြင်း​တို့​ထက် ပို၍​ကောင်း​၏​။


တစ်ကိုယ်တည်း​ဖြစ်​လျက် အပေါင်းအဖော်​မ​ရှိ​၊ သား​လည်း​မ​ရှိ​၊ ညီအစ်ကို​လည်း​မ​ရှိ​သော​သူ​တစ်ဦး​ရှိ​၏​။ သို့သော် သူ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​၌ အဆုံး​မ​ရှိ​။ သူ​၏​မျက်စိ​သည်​လည်း ဓနဥစ္စာ​၌​ကျေနပ်တင်းတိမ်​သည်​ဟူ၍​မ​ရှိ​။ “​ငါ​သည် မည်သူ့​အတွက် ကြိုးပမ်းအားထုတ်​လျက် ငါ​၌​ကောင်းကျိုးချမ်းသာ​ချို့တဲ့​စေ​ရ​သနည်း​”​ဟူ၍​လည်း​မ​မေး​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး ငြီးငွေ့ဖွယ်​ကောင်း​သော​အလုပ်​ဖြစ်​၏​။


သူ​သည် မိမိ​၏​နေ့ရက်​အားလုံး​တို့​၌ များစွာ​စိတ်ပျက်​ခြင်း​၊ ဝေဒနာ​ခံစား​ရ​ခြင်း​နှင့် အမျက်ထွက်​ခြင်း​ဖြင့် အမှောင်​ထဲတွင်​စားသောက်​ရ​မည်​။


သို့ဖြစ်၍ ပျော်ရွှင်မှု​ကို​ငါ​ထောမနာပြု​၏​။ အဘယ်ကြောင့်​ဆိုသော် နေ​အောက်​တွင် စား​လျက်​၊ သောက်​လျက်​၊ ဝမ်းမြောက်​လျက်​နေ​ခြင်း​ထက် လူ့​အတွက်​ကောင်း​သည့်​အရာ​မ​ရှိ​။ ဤသည်ကား နေ​အောက်​တွင် လူ​ကို​ဘုရားသခင်​ပေး​တော်မူ​သော အသက်တာ​၏​နေ့ရက်​ကာလ​များ​၌ လူ​၏​ကြိုးပမ်းအားထုတ်မှု​ထဲတွင် သူ​နှင့်အတူ​လိုက်ပါ​လာ​သော​အရာ​ဖြစ်​၏​။


လူ​သည် ကမ္ဘာ​လောက​တစ်ခုလုံး​ကို​ရရှိ​သော်လည်း မိမိ​အသက်​ဝိညာဉ်​ဆုံးရှုံး​လျှင် မည်သည့်​အကျိုး​ရှိ​မည်နည်း။ တစ်နည်း​အားဖြင့် လူ​သည် မည်သည့်​အရာ​ကို​ပေး​၍ မိမိ​အသက်​ဝိညာဉ်​ကို ပြန်ရွေး​နိုင်​မည်နည်း။


အကျွန်ုပ်​တို့​အတွက် တစ်နေ့တာ​လိုအပ်​သော​အစာ​ကို ယနေ့​ပေး​သနား​တော်မူ​ပါ။


သို့ဖြစ်၍ သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​အသက်ရှင်​ရေး​အတွက် မည်သည့်​အရာ​ကို စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို သောက်​ရ​မည်နည်း​ဟူ၍​လည်းကောင်း၊ သင်​တို့​၏​ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ကို ဝတ်​ရ​မည်နည်း​ဟူ၍​လည်းကောင်း မ​စိုးရိမ်​ကြ​နှင့်။ အသက်​သည် အစာ​ထက် အရေးကြီး​သည်​မ​ဟုတ်​လော။ ကိုယ်ခန္ဓာ​သည်​လည်း အဝတ်​ထက် အရေးကြီး​သည်​မ​ဟုတ်​လော။


ထို့ကြောင့် မနက်ဖြန်​အတွက် မ​စိုးရိမ်​ကြ​နှင့်။ အကြောင်းမူကား မနက်ဖြန်​သည် မိမိ​အတွက်​စိုးရိမ်​လိမ့်မည်။ နေ့​တစ်​နေ့​၌​ကြုံ​တွေ့ရ​သည့် မကောင်း​မသင့်​သော​အရာ​သည် ထို​နေ့​အတွက် လုံလောက်​ပေ​၏။


ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“သို့ဖြစ်၍ သင်​တို့​အား ငါ​ဆို​မည်။ အသက်ရှင်​ရေး​အတွက် မည်သည့်​အရာ​ကို​စား​ရ​မည်နည်း​ဟူ၍​လည်းကောင်း၊ ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ကို​ဝတ်​ရ​မည်နည်း​ဟူ၍​လည်းကောင်း မ​စိုးရိမ်​ကြ​နှင့်။


ထို့ကြောင့် သင်​တို့​သည် မည်သည့်​အရာ​ကို​စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို​သောက်​ရ​မည်နည်း​ဟု မ​ရှာကြံ​ကြ​နှင့်။ စိုးရိမ်​ပူပန်​ခြင်း​လည်း​မ​ရှိ​ကြ​နှင့်။


ထိုသို့သော​သူ​တို့​မှစ၍ သူ​တို့​နှင့်အတူ​လုပ်ဆောင်​လျက် ကြိုးစား​အားထုတ်​နေ​သော​သူ​အားလုံး​တို့​ကို​နာခံ​ကြ​ရန် သင်​တို့​အား ငါ​တိုက်တွန်း​နှိုးဆော်​၏။


မည်သည့်​အမှု​ကို​မျှ မ​စိုးရိမ်​ဘဲ အရာရာ​၌ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်တကွ ဆုတောင်း​ခြင်း​နှင့်​အသနားခံ​ခြင်း​တို့​ဖြင့် သင်​တို့​တောင်းခံ​လို​သော​အရာ​များ​ကို ဘုရားသခင်​အား သိ​စေ​ကြ​လော့။


သို့ဖြစ်၍ စားစရာ​နှင့်​ဝတ်စရာ​ရှိ​လျှင် ထို​အရာ​တို့​နှင့်​ကျေနပ်​ကြ​ရ​မည်။


ဘုရားသခင်​သည် သင်​တို့​ကို ဂရုစိုက်​တော်မူ​သည်​ဖြစ်၍ သင်​တို့​၏​စိုးရိမ်​ပူပန်​ခြင်း​ရှိသမျှ​တို့​ကို အထံ​တော်​၌ အပ်နှံ​ကြ​လော့။