လမ်း၌ရှိသောတံခါးရွက်တို့သည် ပိတ်ထားခြင်းခံရလျက် ကြိတ်ဆုံကြိတ်သံသည် တိုးသွားလျက်၊ လူသည် ငှက်သံကြောင့်ထလျက်၊ သီချင်းဆိုသောသမီးပျိုအပေါင်းတို့သည် အားပျော့သွားလျက်ရှိကြလိမ့်မည်။
ကြိတ်သံလျော့သောအခါ၊ လမ်းနားမှာ တံခါး ရွက်တို့သည် စေ့လျက်ရှိလိမ့်မည်။ ငှက်သံကိုကြားသော အခါ၊ စောစောထလိမ့်မည်။ သီချင်းသည်မ အပေါင်းတို့ သည် အသံသေးကြလိမ့်မည်။
ကြိတ်သံလျော့သောအခါ၊ လမ်းနားမှာ တံခါးရွက်တို့သည် စေ့လျက်ရှိလိမ့်မည်။ ငှက်သံကို ကြားသောအခါ၊ စောစောထလိမ့်မည်။ သီချင်းသည်မအပေါင်းတို့သည် အသံသေးကြလိမ့်မည်။
ယခု အကျွန်ုပ်အသက်ရှစ်ဆယ် ရှိပါပြီ။ အကျွန်ုပ်သည် အကောင်း၊ အဆိုး ပိုင်းခြားနိုင်ပါဦးမည်လော။ ကျွန်တော်မျိုးသည် အစားအသောက်များကို အရသာခံနိုင်ပါဦးမည်လော။ သီချင်းသည်ယောက်ျားမိန်းမတို့၏သီချင်းသံကိုလည်း နားဆင်နိုင်ပါဦးမည်လော။ အကျွန်ုပ်၏သခင် အရှင်မင်းကြီးကို ကျွန်တော်မျိုး အဘယ်ကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေရပါမည်နည်း။
သူ့ခံတွင်းတံခါးကို မည်သူဖွင့်ဝံ့သနည်း။ ခံတွင်းထဲရှိသွားတန်းသည်လည်း ကြောက်မက်ဖွယ်ကောင်းလှ၏။
ကြိတ်ဆုံကိုယူ၍ မုန့်ညက်ကြိတ်လော့။ သင်၏မျက်နှာလွှားကို ဖယ်လော့။ ဝတ်ရုံကို ချွတ်လော့။ အဝတ်ကို ပေါင်အထိပင့်၍ မြစ်ကိုကူးလော့။
ထာဝရဘုရားက ‘ဝမ်းမြောက်ရွှင်မြူးသောအသံ၊ သတို့သားသတို့သမီးအသံ၊ ကြိတ်ဆုံကြိတ်သံ၊ မီးခွက်အလင်းတို့ကိုပါ ချုပ်ငြိမ်းစေမည်။
စောင်းသမား၊ တေးဂီတသမား၊ ပလွေသမား၊ တံပိုးခရာသမားတို့၏တီးမှုတ်သံကို သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။ အမျိုးမျိုးသောလက်မှုပညာတတ်ကျွမ်းသော မည်သည့်လက်မှုပညာသည်ကိုမျှ သင့်အထဲ၌ လုံးဝတွေ့ရတော့မည်မဟုတ်။ ကြိတ်ဆုံသံကိုလည်း သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။