ဆင်ခြင်ဉာဏ်ရှိသောသူတိုင်းသည် အသိပညာရှိစွာပြုကျင့်တတ်၏။ မိုက်မဲသောသူမူကား မိမိ၏မိုက်မဲမှုကို ပေါ်လွင်ထင်ရှားစေတတ်၏။
ဒေသနာကျမ်း။ 10:3 - မြန်မာ့စံမီသမ္မာကျမ်း မိုက်မဲသောသူသည် လမ်း၌လျှောက်သွားစဉ်တွင်ပင် အသိစိတ်ကင်းမဲ့၍ မိမိသည်မိုက်မဲသောသူဖြစ်ကြောင်း လူအပေါင်းတို့ရှေ့၌ဖော်ပြတတ်၏။ Common Language Bible မိုက်သောသူသည် လမ်း၌သွားစဉ်တွင်ပင် သတိ လစ်၍၊ ငါသည် လူမိုက်ဖြစ်၏ဟု ခပ်သိမ်းသောသူတို့အား ပြောတတ်၏။ Garrad Bible ဉာဏ် ယုတ် သ ဖြင့် လမ်း လျှောက် စဉ် ပင်၊ မိုက် မဲ ကြောင်း ကို၊ လူ အ ပေါင်း တို့ အား ဖော် ပြ တတ် ၏။ Judson Bible မိုက်သောသူသည် လမ်း၌သွားစဉ်တွင်ပင် သတိလစ်၍၊ ငါသည်လူမိုက်ဖြစ်၏ဟု ခပ်သိမ်းသောသူတို့အား ပြောတတ်၏။ |
ဆင်ခြင်ဉာဏ်ရှိသောသူတိုင်းသည် အသိပညာရှိစွာပြုကျင့်တတ်၏။ မိုက်မဲသောသူမူကား မိမိ၏မိုက်မဲမှုကို ပေါ်လွင်ထင်ရှားစေတတ်၏။
မိုက်မဲသောသူသည် ထိုးထွင်းဉာဏ်ကိုအလိုမရှိဘဲ မိမိစိတ်သဘောကိုသာ ဖော်ပြတတ်၏။
မိုက်မဲသောသူ၏နှုတ်ခမ်းသည် ခိုက်ရန်ဖြစ်ပွားမှုထဲဝင်ပါတတ်၏။ သူ၏နှုတ်သည်လည်း ကြိမ်ဒဏ်ကိုဖိတ်ခေါ်တတ်၏။
အလုပ်များပြားခြင်းအားဖြင့် အိပ်မက်မက်တတ်သကဲ့သို့ စကားများပြားခြင်းအားဖြင့် မိုက်မဲသောသူ၏အသံပါတတ်၏။
ယခုမှာ သင်တို့သည် ထိုကဲ့သို့သောလွန်ကဲသည့်အပျော်ကြူးခြင်း၌ သူတို့နှင့်အတူမပါဝင်ကြသောကြောင့် သူတို့သည် အံ့ဩလျက် စော်ကားပြောဆိုကြ၏။