ဆင်ခြင်ဉာဏ်ရှိသောသူ၏ဉာဏ်ပညာမှာ မိမိလမ်းကိုသိရှိနားလည်ခြင်းဖြစ်၏။ မိုက်မဲသောသူတို့၏မိုက်မဲခြင်းမူကား လိမ်လည်လှည့်ဖြားခြင်းဖြစ်၏။
ဒေသနာကျမ်း။ 10:2 - မြန်မာ့စံမီသမ္မာကျမ်း ပညာရှိသောသူ၏စိတ်နှလုံးသည် သူ့ကိုလက်ယာဘက်သို့ တိမ်းညွတ်စေတတ်၏။ မိုက်မဲသောသူ၏စိတ်နှလုံးမူကား သူ့ကိုလက်ဝဲဘက်သို့တိမ်းညွတ်စေတတ်၏။ Common Language Bible ပညာရှိသောသူ၏ နှလုံးသည် မိမိလက်ျာလက် ၌ ရှိ၏။ မိုက်သောသူ၏နှလုံးမူကား၊ မိမိလက်ဝဲလက်၌ ရှိ၏။ Garrad Bible ပ ညာ ရှိ၏ နှ လုံး သည်း ပြွတ် သည်၊ လက်ျာ တွင် တည်၏။ လူ မိုက်၏ နှ လုံး သည်း ပြွတ် ကား၊ လက် ဝဲ တွင် တည် လျက်၊ Judson Bible ပညာရှိသောသူ၏နှလုံးသည် မိမိလက်ယာလက်၌ ရှိ၏။ မိုက်သောသူ၏နှလုံးမူကား၊ မိမိလက်ဝဲလက်၌ ရှိ၏။ |
ဆင်ခြင်ဉာဏ်ရှိသောသူ၏ဉာဏ်ပညာမှာ မိမိလမ်းကိုသိရှိနားလည်ခြင်းဖြစ်၏။ မိုက်မဲသောသူတို့၏မိုက်မဲခြင်းမူကား လိမ်လည်လှည့်ဖြားခြင်းဖြစ်၏။
ပညာရှိသောသူတို့၏နှုတ်ခမ်းသည် အသိပညာကိုပြန့်ပွားစေတတ်၏။ မိုက်မဲသောသူတို့၏စိတ်နှလုံးမူကား ထိုသို့မဟုတ်ပေ။
မိုက်မဲသောသူသည် ဉာဏ်မရှိဘဲလျက် ဉာဏ်ပညာကိုဝယ်ယူရန် လက်ထဲ၌ငွေကိုင်ထားသည်မှာ အဘယ်ကြောင့်နည်း။
ပုဆိန်တုံးသောအခါ ၎င်း၏အသွားကိုမသွေးဘဲနေလျှင် ခွန်အားပို၍စိုက်ထုတ်ရလိမ့်မည်။ ဉာဏ်ပညာမူကား အောင်မြင်စေသောအကျိုးကျေးဇူးရှိ၏။
မိုက်မဲသောသူသည် စကားများစွာပြောဆိုတတ်၏။ သို့သော် လူသည် မည်သည့်အရာဖြစ်လာမည်ကိုမသိပေ။ သူ့နောက်တွင် ဖြစ်လာမည့်အရာကို သူ့အားမည်သူပြောပြနိုင်မည်နည်း။
သင်လုပ်ဆောင်စရာအမှုရှိသမျှကို ခွန်အားစိုက်ထုတ်၍လုပ်ဆောင်လော့။ အကြောင်းမူကား သင်သွားရမည့် မရဏာနိုင်ငံတွင် အလုပ်အကိုင်မရှိ၊ အကြောင်းအကျိုးမရှိ၊ အသိပညာမရှိ၊ ဉာဏ်ပညာလည်းမရှိ။
သိုးများကို မိမိ၏လက်ယာတော်ဘက်၌လည်းကောင်း၊ ဆိတ်များကို လက်ဝဲတော်ဘက်၌လည်းကောင်း ထားတော်မူလိမ့်မည်။
ဘုရားသခင်၏နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ဦးစွာရှာကြလော့။ ထိုအခါ ဤအရာအားလုံးတို့ကို သင်တို့အား ထပ်လောင်း၍ပေးတော်မူလိမ့်မည်။
သို့ဖြစ်၍ သင်တို့သည် ခရစ်တော်နှင့်အတူထမြောက်ကြသည်ဆိုလျှင် ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်တော်မူသောခရစ်တော်ရှိရာ အထက်အရပ်၌ရှိသည့်အရာများကို ရှာဖွေကြလော့။