သူတို့၏တိရစ္ဆာန်တို့ကို မိုးသီးလက်သို့လည်းကောင်း၊ သူတို့၏သိုးနွားတို့ကို မိုးကြိုးလက်သို့လည်းကောင်း အပ်တော်မူ၏။
ထွက်မြောက် 9:6 - မြန်မာ့စံမီသမ္မာကျမ်း နောက်တစ်နေ့၌ ထာဝရဘုရားသည် ထိုအမှုကိုပြုတော်မူသဖြင့် အီဂျစ်လူမျိုးတို့၏တိရစ္ဆာန်ရှိသမျှတို့သည် သေကြကုန်၏။ သို့ရာတွင် အစ္စရေးအမျိုးသားတို့၏တိရစ္ဆာန် တစ်ကောင်မျှမသေ။ Common Language Bible နောက်တစ်နေ့တွင်ထာဝရဘုရားသည်မိန့် တော်မူသည့်အတိုင်းပြုတော်မူသဖြင့် အီဂျစ် အမျိုးသားတို့၏တိရစ္ဆာန်အားလုံးသေကျေ ကြကုန်၏။ သို့ရာတွင်ဣသရေလအမျိုး သားတို့၏တိရစ္ဆာန်တစ်ကောင်မျှမသေ။- Garrad Bible နောက် နေ့ ၌ ထို အ မှု ကို ထာ ဝ ရ ဘု ရား ပြု တော် မူ သ ဖြင့် အိ ဂျစ် လူ တို့ တိ ရ စ္ဆာန် အ ပေါင်း သေ ကုန် ၏။ ဣ သ ရေ လ အ မျိုး သား တို့ တိ ရ စ္ဆာန် မူ ကား တစ် ကောင် မျှ မ သေ။ Judson Bible နက်ဖြန်နေ့၌ ထိုအမှုကိုပြုတော်မူသဖြင့်၊ အဲဂုတ္တုလူတို့၏ တိရစ္ဆာန်အမျိုးမျိုးသေကြ၏။ ဣသရေလလူတို့၏ တိရစ္ဆာန်တစ်ကောင်မျှမသေ။ |
သူတို့၏တိရစ္ဆာန်တို့ကို မိုးသီးလက်သို့လည်းကောင်း၊ သူတို့၏သိုးနွားတို့ကို မိုးကြိုးလက်သို့လည်းကောင်း အပ်တော်မူ၏။
ကိုယ်တော်သည် မိမိ၏အမျက်တော်ကို လမ်းဖွင့်ပေးလျက် သူတို့၏စိတ်ဝိညာဉ်ကို သေဘေးမှလွတ်ကင်းခွင့်မပေးဘဲ သူတို့၏အသက်ကို ကပ်ရောဂါလက်သို့ အပ်တော်မူ၏။
ဤညတွင် ငါသည် အီဂျစ်ပြည်ကိုဖြတ်သွား၍ အီဂျစ်ပြည်၌ရှိသော လူမှစ၍ တိရစ္ဆာန်တိုင်အောင် သားဦးအပေါင်းတို့ကိုဒဏ်ခတ်မည်။ ငါသည် အီဂျစ်ဘုရားရှိသမျှတို့ကိုလည်း အပြစ်ဒဏ်ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
ညသန်းခေါင်အချိန်တွင် ထာဝရဘုရားသည် ရာဇပလ္လင်ပေါ်၌စိုးစံသော ဖာရောမင်းကြီး၏သားဦးမှစ၍ မြေအောက်အကျဉ်းခန်း၌ရှိသော အကျဉ်းသား၏သားဦးတိုင်အောင် အီဂျစ်ပြည်ရှိသားဦးအားလုံးတို့နှင့် တိရစ္ဆာန်၏သားဦးအားလုံးတို့ကို ဒဏ်ခတ်တော်မူ၏။
ငါသည် ထိုနေ့၌ ငါ၏လူမျိုးတော်နေထိုင်ရာဂေါရှင်အရပ်ကို သီးသန့်ခွဲထားမည်။ ဤပြည်တွင် ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်စေရန် ထိုအရပ်၌ ယင်ရဲတို့မရှိစေရ။
အီဂျစ်ပြည်တစ်ပြည်လုံးတွင် လယ်ပြင်၌ရှိသမျှသော လူမှစ၍ တိရစ္ဆာန်တိုင်အောင် မိုးသီးထိလေ၏။ လယ်ထဲ၌ရှိသမျှအပင်တို့ကိုလည်း မိုးသီးထိ၍ လယ်ထဲ၌ရှိသောအပင်အားလုံး ပျက်စီးလေ၏။
သို့သော် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏တိရစ္ဆာန်များနှင့် အီဂျစ်လူမျိုးတို့၏တိရစ္ဆာန်များကို သီးသန့်ခွဲထားသဖြင့် အစ္စရေးအမျိုးသားတို့ပိုင်သောတိရစ္ဆာန်တစ်ကောင်မျှမသေရ’ဟူ၍ မိန့်တော်မူသည်”ဟု သူ့အား ဆင့်ဆိုရမည်။
ထာဝရဘုရားသည် အချိန်ကိုသတ်မှတ်တော်မူ၍ “ငါထာဝရဘုရားသည် ထိုအမှုကို မနက်ဖြန် ဤပြည်ထဲ၌ ပြုတော်မူမည်”ဟု မိန့်တော်မူ၏။