ထာဝရဘုရားမိန့်တော်မူသောစကားကို ဂရုမစိုက်သောသူတို့မူကား မိမိတို့၏ကျွန်များနှင့်တိရစ္ဆာန်များကို လယ်ထဲ၌ပင် ထားကြ၏။
အခြားသောသူများကမူထာဝရဘုရား ၏မိန့်တော်မူချက်ကိုပမာဏမပြုဘဲ မိမိ တို့၏ကျေးကျွန်နှင့်တိရစ္ဆာန်များကိုအမိုး အကာအောက်သို့မသွင်းဘဲနေကြ၏။
ထာ ဝ ရ ဘု ရား ၏ အ မိန့် တော် ကို အ လေး မ မူ သူ တို့ ကား ကိုယ့် ကျွန် နှင့် တိ ရ စ္ဆာန် များ ကို လယ် ပြင် ၌ ထား ကြ ကုန် ၏။
ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ပမာဏမပြုသောသူတို့သည်၊ မိမိကျွန်၊ မိမိတိရစ္ဆာန်တို့ကို လယ်ပြင်၌ထားကြ၏။
ယခု သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်ပါလျက် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလော့။ ထ၍ ထာဝရဘုရားအဖို့သန့်ရှင်းရာဌာနကို တည်ဆောက်ကြလော့။ သို့မှ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်၊ ဘုရားသခင်အဖို့ သန့်ရှင်းသောအသုံးအဆောင်များကို ထာဝရဘုရား၏နာမတော်တည်ဖို့ဆောက်လုပ်ထားသောအိမ်တော်ထဲတွင် ထားရှိနိုင်မည်”ဟု မိန့်မှာလေ၏။
ကိုယ်တော်သည် ဝိညာဉ်နှင့် ဇီဝအသက်ကို မိမိထံ ပြန်ရုပ်သိမ်းမည်ဟု စိတ်ပိုင်းဖြတ်တော်မူလျှင်
လူသည် မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကို ချီးမြှောက်ပြီး ကိုယ်တော်၏စိတ်ထဲတွင် သူ့ကို အလေးထားရသနည်း။
ဖာရောမင်းကြီးသည် မိမိနန်းတော်သို့လှည့်ပြန်သွားကာ ဤအမှုကိုလည်း နှလုံးမသွင်းဘဲနေ၏။
ဖာရောမင်းကြီး၏အမှုထမ်းများထဲမှ ထာဝရဘုရားမိန့်တော်မူသောစကားကိုကြောက်ရွံ့သောသူတို့သည် မိမိတို့၏ကျွန်များနှင့် မိမိတို့၏တိရစ္ဆာန်များကို အိမ်ထဲသို့ အမြန်ဝင်စေကြ၏။
ထာဝရဘုရားက မောရှေအား “အီဂျစ်ပြည်၌ရှိသော လူ၊ တိရစ္ဆာန်နှင့် လယ်ထဲမှအပင်ရှိသမျှတို့မှစ၍ အီဂျစ်ပြည်တစ်ပြည်လုံးအပေါ် မိုးသီးကျစေရန် သင်၏လက်ကို မိုးကောင်းကင်သို့ဆန့်လော့”ဟု မိန့်တော်မူ၏။
ဆင်ခြင်ဉာဏ်ရှိသောသူသည် ဘေးအန္တရာယ်ကိုမြင်၍ ပုန်းရှောင်တတ်၏။ အသိပညာနည်းပါးသောသူမူကား ဆက်သွား၍ အပြစ်ဒဏ်ခံရတတ်၏။
ငါသည် ထိုအဖြစ်ကိုမြင်သောအခါ နှလုံးသွင်း၍ ငါတွေ့မြင်သောအရာကို သင်ခန်းစာယူ၏။
ထိုသူက ငါ့အား “အချင်းလူသား၊ မျက်စိဖွင့်၊ နားစွင့်ပြီး ငါပြမည့်အရာအားလုံးကို နှလုံးသွင်းမှတ်ကျုံးလော့။ ဤအရာတို့ကို သင့်အားငါပြသရန် သင့်ကို ဤနေရာသို့ ခေါ်ဆောင်လာခြင်းဖြစ်၏။ သင်မြင်သမျှသောအရာတို့ကို အစ္စရေးလူမျိုးတို့အား ပြန်လည်ပြောပြလော့”ဟု မြွက်ဆို၏။
တစ်ဖန် သူက “ဒံယေလ၊ မကြောက်နှင့်။ သင်သည် ဘုရားသခင်၏ရှေ့တော်တွင် ကိုယ်ကိုနှိမ့်ချ၍ နားလည်လိုသောဆန္ဒရှိသည့်ပထမဆုံးနေ့မှစ၍ သင့်စကားကို ဘုရားသခင်ကြားတော်မူပြီ။ သင့်စကားကြောင့် ငါရောက်လာရခြင်းဖြစ်၏။
သူသေခါနီးတွင် သူ့အနီးရှိအမျိုးသမီးများက “မကြောက်နှင့်၊ သင် သားယောက်ျားလေးမွေးပြီ”ဟု ဆိုသော်လည်း သူပြန်မပြောနိုင်၊ အရေးလည်းမစိုက်နိုင်တော့ပေ။