နတ်ဝိဇ္ဇာဆရာများနှင့် အီဂျစ်လူမျိုးအားလုံးတို့၌ အနာစိမ်းပေါက်သဖြင့် နတ်ဝိဇ္ဇာဆရာတို့သည် အနာစိမ်းကြောင့် မောရှေ၏ရှေ့၌ မရပ်နိုင်ကြပေ။
ထွက်မြောက် 9:10 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူတို့သည် မီးပြင်းဖိုမှကျပ်ခိုးကိုယူပြီး ဖာရောမင်းကြီး၏ရှေ့၌ရပ်လေ၏။ မောရှေသည်လည်း ၎င်းကို မိုးကောင်းကင်သို့ကြဲဖြန့်လေရာ လူနှင့်တိရစ္ဆာန်တို့၌ ပြည်တည်သောအနာစိမ်းဖြစ်လေ၏။ Common Language Bible သို့ဖြစ်၍သူတို့သည်ပြာကိုယူ၍ဘုရင်ရှေ့ တွင်ရပ်နေကြ၏။ မောရှေသည်ပြာကိုလေထဲ သို့ပစ်လွှင့်လိုက်ရာ လူနှင့်တိရစ္ဆာန်တို့၏ကိုယ် ပေါ်၌အနာဆိုးများပေါက်စေလေ၏။- Garrad Bible မီး ဖို ကျပ် ခိုး ကို သူ တို့ ယူ၍ ဖာ ရော မင်း ရှေ့ ရပ် လျက် ကောင်း ကင် ထက် သို့ မော ရှေ မြှောက် ပစ် သ ဖြင့် လူ နှင့် တိ ရ စ္ဆာန် တို့ ၌ ပြည် တည် သော အ နာ စိမ်း ထွက် လေ ၏။ Judson Bible သူတို့သည်မီးဖိုထဲကပြာကိုယူ၍၊ ဖာရောဘုရင်ရှေ့မှာရပ်လျက်၊ မောရှေသည် မိုးကောင်းကင်သို့ပစ်လွှင့်သဖြင့်၊ ထိုပြာသည် လူနှင့်တိရစ္ဆာန်တို့၌ အခဲအကျိတ်ပြည့်သောအနာဆိုးဖြစ်လေ၏။ |
နတ်ဝိဇ္ဇာဆရာများနှင့် အီဂျစ်လူမျိုးအားလုံးတို့၌ အနာစိမ်းပေါက်သဖြင့် နတ်ဝိဇ္ဇာဆရာတို့သည် အနာစိမ်းကြောင့် မောရှေ၏ရှေ့၌ မရပ်နိုင်ကြပေ။
တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား “သင်တို့သည် မီးပြင်းဖိုမှကျပ်ခိုးကို သင်တို့၏လက်ခုပ်နှင့်အပြည့်ယူလော့။ ထို့နောက် မောရှေသည် ဖာရောမင်းကြီး၏မျက်မှောက်၌ ၎င်းကို မိုးကောင်းကင်သို့ကြဲဖြန့်လော့။
ထိုကျပ်ခိုးသည် အမှုန့်ဖြစ်သွား၍ အီဂျစ်ပြည်တစ်ပြည်လုံးလွှမ်းသွားပြီး အီဂျစ်ပြည်တစ်ပြည်လုံးရှိ လူနှင့်တိရစ္ဆာန်တို့၌ ပြည်တည်သောအနာစိမ်းဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် ကုသ၍မရသော အီဂျစ်ပြည်အနာစိမ်း၊ ပလိပ်နာ၊ နှင်းခူ၊ ယားနာ စသည်ဖြင့် သင့်ကို ဒဏ်ခတ်တော်မူမည်။