ထို့နောက် ဧလိယက ဗာလဘုရား၏ပရောဖက်တို့အား “သင်တို့သည် လူများသောကြောင့် သင်တို့အဖို့ နွားတစ်ကောင်ကိုရွေးပြီး အလျင်အသင့်ပြင်ပါ။ ပြီးလျှင် မီးမမွှေးသေးဘဲ သင်တို့ဘုရား၏နာမကို ခေါ်ပါ”ဟု ဆို၏။
ထွက်မြောက် 8:9 - မြန်မာ့စံမီသမ္မာကျမ်း မောရှေကလည်း ဖာရောမင်းကြီးအား “ဖားများကို အရှင့်ထံမှလည်းကောင်း၊ အရှင့်နန်းဆောင်များထဲမှလည်းကောင်း သုတ်သင်ဖယ်ရှား၍ နိုင်းမြစ်၌သာကျန်ရှိစေရန် အရှင်နှင့် အရှင့်အမှုထမ်းများ၊ အရှင့်ပြည်သူပြည်သားများအတွက် အကျွန်ုပ်ဆုတောင်းရမည့်အချိန်ကို သတ်မှတ်ပေးပါ”ဟု လျှောက်လေ၏။ Common Language Bible မောရှေက``ကိုယ်တော်နှင့်ကိုယ်တော်၏မှူးမတ် ပြည်သူတို့၏အိမ်များမှဖားတို့ကိုဖယ်ရှား ၍ နိုင်းမြစ်ထဲ၌သာဖားများနေစေရန်မည် သည့်အချိန်တွင်ဆုတောင်းပေးရပါမည် နည်း'' ဟုမေးလျှောက်သော်၊ Garrad Bible မော ရှေ က လည်း ဘု ရင် မင်း နှင့် တ ကွ ကျေး ကျွန် သင်း ပင်း ပြည် သူ ပြည် သား တို့ အ ဖို့၊ ကျွန် တော် တောင်း ပန် သ ဖြင့် ဘု ရင် မင်း နှင့် နန်း တော် ဆောင် များ မှ ဖား များ ကို ပယ် ရှား ဖျက် ဆီး လျက် မြစ်၌ သာ ကျန် ရှိ စေ ရ မည့် အ ချိန် ကို ဘုန်း တော် ကြောင့် ချိန်း ချက် တော် မူ ပါ ဟု ဖာ ရော မင်း အား လျှောက် ထား သော်၊ Judson Bible မောရှေကလည်း၊ ကိုယ်တော်နှင့် ကိုယ်တော်အိမ်များမှဖားတို့ကို ပယ်ရှင်းဖျက်ဆီး၍၊ မြစ်၌သာနေစေခြင်းငှာ၊ ကိုယ်တော်နှင့် ကိုယ်တော်ကျွန်များ၊ လူများအဖို့ အကျွန်ုပ်တောင်းပန်ရသောအချိန်ကို ချိန်းချက်တော်မူပါဟု လျှောက်သော်၊ |
ထို့နောက် ဧလိယက ဗာလဘုရား၏ပရောဖက်တို့အား “သင်တို့သည် လူများသောကြောင့် သင်တို့အဖို့ နွားတစ်ကောင်ကိုရွေးပြီး အလျင်အသင့်ပြင်ပါ။ ပြီးလျှင် မီးမမွှေးသေးဘဲ သင်တို့ဘုရား၏နာမကို ခေါ်ပါ”ဟု ဆို၏။
ဖာရောမင်းကြီးက “မနက်ဖြန်”ဟု ဆိုလျှင် မောရှေက “အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားနှင့်တူသောဘုရားမရှိကြောင်း အရှင်သိမြင်စေရန် အရှင်၏စကားအတိုင်း ဖြစ်လိမ့်မည်။
ဖားများသည် အရှင့်ထံမှလည်းကောင်း၊ အရှင့်နန်းဆောင်များထဲမှလည်းကောင်း၊ အရှင့်အမှုထမ်းများနှင့် အရှင့်လူများထဲမှလည်းကောင်း ထွက်သွား၍ နိုင်းမြစ်၌သာကျန်ရှိကြလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကိုခေါ်၍ “ငါနှင့်ငါ၏လူတို့ထံမှ ဖားများကိုဖယ်ရှားပေးမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းလော့။ သို့ပြုလျှင် ထာဝရဘုရားအားယဇ်ပူဇော်ရန် အစ္စရေးလူတို့ကိုငါလွှတ်ပေးမည်”ဟု ဆိုလေ၏။
ပုဆိန်သည် သူ့ကိုကိုင်သောသူထက် မိမိကိုယ်မိမိအမွှမ်းတင်မည်လော။ လွှသည် သူ့ကိုအသုံးပြုသောသူထက် မိမိကိုယ်မိမိချီးမြှောက်မည်လော။ ကြိမ်လုံးက ကိုင်မြှောက်သောသူကို ပြန်၍လွှဲယမ်းသကဲ့သို့၊ တောင်ဝှေးက သစ်သားမဟုတ်သောလူကို ပြန်၍ကိုင်မြှောက်သကဲ့သို့ ဖြစ်ပါသည်တကား။
ထာဝရဘုရားက ဂိဒေါင်အား “သင်နှင့်အတူ ပါလာသောသင့်လူတို့သည် အလွန်များသောကြောင့် သူတို့လက်သို့ မိဒျန်လူမျိုးတို့ကို ငါမအပ်။ အပ်မည်ဆိုလျှင် အစ္စရေးလူမျိုးတို့က ‘ငါတို့၏လက်ရုံးသည် ငါတို့ကိုကယ်တင်ပြီ’ဟု ဝါကြွားပြောဆိုကြလိမ့်မည်။