ထွက်မြောက် 8:30 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ဖာရောမင်းကြီးထံမှ ထွက်သွား၍ ထာဝရဘုရားထံဆုတောင်းလေ၏။ Common Language Bible ထိုနောက်မောရှေသည်ဘုရင်ထံမှထွက်ခဲ့ ပြီးနောက် ထာဝရဘုရားထံ၌ဆုတောင်း လေ၏။- Garrad Bible ဖာ ရော မင်း ထံ မှ ထွက် သွား၍ ထာ ဝ ရ ဘု ရား ကို တောင်း ပန် လေ ၏။ Judson Bible ဖာရောဘုရင်ထံမှထွက်သွား၍ ထာဝရဘုရားကိုတောင်းပန်လေ၏။ |
ထို့နောက် မောရှေနှင့်အာရုန်တို့သည် ဖာရောမင်းကြီးထံမှထွက်သွားကြ၏။ ဖာရောမင်းကြီးအပေါ်၌ ဖားများကျရောက်စေတော်မူသောအမှုကြောင့် မောရှေသည် ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်လေ၏။
ထိုအခါ ထာဝရဘုရားသည် မောရှေတောင်းလျှောက်သည့်အတိုင်းပြုသဖြင့် ယင်ရဲများသည် ဖာရောမင်းကြီးမှစ၍ သူ၏အမှုထမ်းများ၊ သူ၏လူများထံမှ တစ်ကောင်မျှမကျန်ထွက်သွားလေ၏။
မောရှေသည် ဖာရောမင်းကြီးထံမှ မြို့ပြင်သို့ထွက်သွား၍ သူ၏လက်ကို ထာဝရဘုရားထံသို့ဖြန့်လျှင် မိုးချုန်းသံများနှင့်မိုးသီးကျခြင်းရပ်သွား၍ မြေပေါ်သို့ မိုးမရွာတော့ပေ။
သို့ဖြစ်၍ သင်တို့သည် ကျန်းမာစေခြင်းကိုခံရမည့်အကြောင်း တစ်ဦးနှင့်တစ်ဦး မိမိ၏အပြစ်များကိုဖော်ပြဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းကြလော့။ ဖြောင့်မတ်သောသူ၏စိတ်အားထက်သန်သည့်ဆုတောင်းချက်သည် အလွန်တန်ခိုးပါ၍ ထိရောက်မှုရှိ၏။