“ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အံ့ဩဖွယ်ကောင်းလှပါ၏။ ကိုယ်တော်၏အစွမ်းသတ္တိကြီးမားမှုကြောင့် ကိုယ်တော်၏ရန်သူတို့သည် ကိုယ်တော်၏ရှေ့၌ ခယဝပ်တွားကြပါလိမ့်မည်။
ထွက်မြောက် 8:29 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မောရှေက “အကျွန်ုပ်သည် အရှင်မင်းကြီးထံမှ ထွက်သွား၍ မနက်ဖြန်နေ့၌ ယင်ရဲတို့သည် အရှင်ဖာရောမင်းကြီးမှစ၍ အမှုထမ်းများ၊ ပြည်သူပြည်သားများထံမှ ထွက်သွားမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းပါမည်။ သို့ရာတွင် ထာဝရဘုရားအားယဇ်ပူဇော်ရန် အရှင်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကိုမလွှတ်ဘဲနေခြင်းဖြင့် ထပ်၍မလှည့်စားပါနှင့်”ဟု လျှောက်လေ၏။ Common Language Bible မောရှေက``နက်ဖြန်နေ့တွင်ကိုယ်တော်နှင့် မှူးမတ်ပြည်သူတို့ထံမှ မှက်ကောင်များကို ဖယ်ရှားပေးရန်ယခုကိုယ်တော်ထံမှထွက် သွားလျှင်သွားချင်း ထာဝရဘုရားထံ၌ ဆုတောင်းပေးပါမည်။ ထာဝရဘုရားကို ယဇ်ပူဇော်ရန်ဣသရေလအမျိုးသားတို့ အား ယခုသွားခွင့်ပြုပြီးမှမသွားရဟု နောက်တစ်ဖန်မလှည့်စားမတားဆီးပါ နှင့်'' ဟုလျှောက်ထားလေ၏။ Garrad Bible မော ရှေ က လည်း၊ ကျွန် တော် သည် ရှေ့ တော် မှ ထွက် သွား၍ မှက် များ ကို ဖာ ရော မင်း မှ စ သော ကျေး ကျွန် သင်း ပင်း၊ ပြည် သူ ပြည် သား တို့ ထံ မှ နက် ဖြန် ပယ် ရှား တော် မူ မည့် အ ကြောင်း ထာ ဝ ရ ဘု ရား အား တောင်း ပန် ပါ မည်။ သို့ ရာ တွင် ထို လူ မျိုး ကို ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ရန် မ လွှတ် ဘဲ တစ် ဖန် လှည့် စား တော် မ မူ ပါ နှင့် ဟု လျှောက် ပြီး လျှင်၊ Judson Bible မောရှေကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံမှထွက်သွား၍ ယင်ရဲတို့သည် ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ လူများထံမှ၊ နက်ဖြန်နေ့သွားမည်အကြောင်း ထာဝရဘုရားကိုတောင်းပန်ပါမည်။ သို့ရာတွင် ဣသရေလလူတို့သည် ထာဝရဘုရားအား ယဇ်မပူဇော်ရမည်အကြောင်း၊ နောက်တစ်ဖန်ဆီးတား၍ လှည့်စားတော်မမူပါနှင့်ဟုလျှောက်ပြီးလျှင်၊ |
“ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အံ့ဩဖွယ်ကောင်းလှပါ၏။ ကိုယ်တော်၏အစွမ်းသတ္တိကြီးမားမှုကြောင့် ကိုယ်တော်၏ရန်သူတို့သည် ကိုယ်တော်၏ရှေ့၌ ခယဝပ်တွားကြပါလိမ့်မည်။
ဖာရောမင်းကြီးသည် သက်သာရာရကြောင်းကို သိမြင်သောအခါ ထာဝရဘုရားမိန့်ဆိုတော်မူခဲ့သည့်အတိုင်း သူ၏စိတ်နှလုံးသည်ခိုင်မာလျက် မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကိုခေါ်၍ “ငါနှင့်ငါ၏လူတို့ထံမှ ဖားများကိုဖယ်ရှားပေးမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းလော့။ သို့ပြုလျှင် ထာဝရဘုရားအားယဇ်ပူဇော်ရန် အစ္စရေးလူတို့ကိုငါလွှတ်ပေးမည်”ဟု ဆိုလေ၏။
သို့သော် အရှင်နှင့်အရှင့်အမှုထမ်းတို့သည် ထာဝရအရှင်ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိသေးကြောင်း အကျွန်ုပ်သိပါ၏”ဟု ပြန်လျှောက်လေ၏။
ပရောဖက်ယေရမိကလည်း “ငါကြားပြီ။ သင်တို့တောင်းဆိုသည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားထံ ငါဆုတောင်းပေးမည်။ ထာဝရဘုရားက သင်တို့အား မိန့်ဆိုသမျှတို့ကို တစ်ခုမကျန် သင်တို့အား ငါပြန်ဆင့်ဆိုမည်”ဟု ဆိုလေ၏။
အယူမလွဲကြနှင့်။ ဘုရားသခင်သည် မထီလေးစားပြုခြင်းကိုခံတော်မမူ။ အကြောင်းမူကား လူသည် တစ်စုံတစ်ခုကိုစိုက်ပျိုးလျှင် ၎င်းကို ပြန်လည်ရိတ်သိမ်းရလိမ့်မည်။