ထိုအခါ ထာဝရဘုရားသည် မောရှေတောင်းလျှောက်သည့်အတိုင်းပြုသဖြင့် ဖားများသည် အိမ်များ၊ ခြံဝင်းများ၊ လယ်များထဲ၌ သေကြကုန်၏။
ထာဝရဘုရားသခင်သည်မောရှေဆုတောင်း သည့်အတိုင်းပြုတော်မူသဖြင့်အိမ်များ၊ ခြံ များ၊ လယ်ကွင်းများထဲရှိဖားများသေကြ ကုန်၏။-
ထာ ဝ ရ ဘု ရား သည် မော ရှေ့ ပ ဌ နာ စ ကား အ ရ ပြု တော် မူ သ ဖြင့် ဖား များ သည် နေ အိမ်၊ ၀င်း မြေ၊ လယ် ပြင် များ တွင် သေ ကြ ရာ၊
ထာဝရဘုရားသည် မောရှေတောင်းလျှောက်သော စကားအတိုင်းပြုတော်မူသဖြင့်၊ ဖားတို့သည် အိမ်များ၊ ရွာများ၊ လယ်ပြင်များတို့တွင် သေကြ၏။
သူတို့၏တာဝန်မှာ အာရုန်၏သားမြေးများ ထာဝရဘုရား၏အိမ်တော်တွင် အမှုတော်ထမ်းဆောင်သောအခါ ဝိုင်းကူပေးရန်ဖြစ်၏။ အိမ်တော်ဝင်း၊ အိမ်တော်အခန်းများ၊ သန့်ရှင်းရာဌာနရှိအရာအားလုံး သန့်ရှင်းသပ်ရပ်အောင်ဆောင်ရွက်ရန်နှင့် ဘုရားသခင်၏အိမ်တော်အမှုကို ထမ်းဆောင်ရန်အတွက်ဖြစ်၏။
ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ယင်ရဲအုပ်နှင့်မှက်တို့သည် သူ တို့ပြည်တစ်ဝန်းလုံးသို့ပျံ့နှံ့သွားကြ၏။
ဖားများသည် အရှင့်ထံမှလည်းကောင်း၊ အရှင့်နန်းဆောင်များထဲမှလည်းကောင်း၊ အရှင့်အမှုထမ်းများနှင့် အရှင့်လူများထဲမှလည်းကောင်း ထွက်သွား၍ နိုင်းမြစ်၌သာကျန်ရှိကြလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
ထို့နောက် မောရှေနှင့်အာရုန်တို့သည် ဖာရောမင်းကြီးထံမှထွက်သွားကြ၏။ ဖာရောမင်းကြီးအပေါ်၌ ဖားများကျရောက်စေတော်မူသောအမှုကြောင့် မောရှေသည် ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်လေ၏။
ဖားသေကောင်တို့ကို အပုံလိုက် အပုံလိုက်စုပုံထားကြသဖြင့် တစ်ပြည်လုံး အပုပ်နံ့ထွက်လေ၏။