ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ယင်ရဲအုပ်နှင့်မှက်တို့သည် သူ တို့ပြည်တစ်ဝန်းလုံးသို့ပျံ့နှံ့သွားကြ၏။
ထွက်မြောက် 8:12 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မောရှေနှင့်အာရုန်တို့သည် ဖာရောမင်းကြီးထံမှထွက်သွားကြ၏။ ဖာရောမင်းကြီးအပေါ်၌ ဖားများကျရောက်စေတော်မူသောအမှုကြောင့် မောရှေသည် ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်လေ၏။ Common Language Bible မောရှေနှင့်အာရုန်တို့သည်ဘုရင်ထံမှထွက် ခဲ့ကြ၏။ ဘုရင်သည်ထာဝရဘုရားသင့်စေ သောဖားများ၏ဘေးမှလွတ်မြောက်ရန်အတွက် မောရှေသည်ထာဝရဘုရားထံတွင်ဆုတောင်း လေ၏။- Garrad Bible အာ ရုန် နှင့် အ တူ ဖာ ရော မင်း ထံ မှ ထွက် သွား၍ ဖာ ရော မင်း အ ပေါ် သို့ ထာ ဝ ရ ဘုရား သင့် ရောက် စေ တော် မူ သော ဖား ဘေး ဒဏ် အ ကြောင်း မော ရှေ ပ ဌ နာ ပြု ၏။ Judson Bible အာရုန်နှင့်အတူ အထံတော်မှထွက်သွား၍၊ ဖာရောဘုရင်အပေါ်သို့ ထာဝရဘုရားဆောင်တော်မူသော ဖားတို့အကြောင်းကြောင့်၊ မောရှေသည် ဆုတောင်းပတ္ထနာပြုလေ၏။ |
ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ယင်ရဲအုပ်နှင့်မှက်တို့သည် သူ တို့ပြည်တစ်ဝန်းလုံးသို့ပျံ့နှံ့သွားကြ၏။
ထိုအခါ မောရှေက မိမိ၏ဘုရားသခင် ထာဝရဘုရားအား “အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမားသောတန်ခိုး၊ အားကြီးသောလက်တော်ဖြင့် အီဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့သော ကိုယ်တော်၏လူမျိုးတော်ကို အဘယ်ကြောင့် အမျက်ထွက်တော်မူပါသနည်း။
ထိုအခါ ထာဝရဘုရားသည် မောရှေတောင်းလျှောက်သည့်အတိုင်းပြုသဖြင့် ဖားများသည် အိမ်များ၊ ခြံဝင်းများ၊ လယ်များထဲ၌ သေကြကုန်၏။
ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကိုခေါ်၍ “ငါနှင့်ငါ၏လူတို့ထံမှ ဖားများကိုဖယ်ရှားပေးမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းလော့။ သို့ပြုလျှင် ထာဝရဘုရားအားယဇ်ပူဇော်ရန် အစ္စရေးလူတို့ကိုငါလွှတ်ပေးမည်”ဟု ဆိုလေ၏။
မောရှေသည် ဖာရောမင်းကြီးထံမှ မြို့ပြင်သို့ထွက်သွား၍ သူ၏လက်ကို ထာဝရဘုရားထံသို့ဖြန့်လျှင် မိုးချုန်းသံများနှင့်မိုးသီးကျခြင်းရပ်သွား၍ မြေပေါ်သို့ မိုးမရွာတော့ပေ။
ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးအမျိုးတို့ တောင်းဆိုသည့်အတိုင်း ငါပြုပေးမည်။ သူတို့ကို သိုးတို့ကဲ့သို့ တိုးပွားစေမည်။
ငါမူကား သင်တို့အဖို့ ဆုမတောင်းဘဲနေခြင်းအားဖြင့် ထာဝရဘုရားကိုပြစ်မှားခြင်းသည် ငါနှင့်ဝေးပါစေ။ ငါသည် သင်တို့အား ကောင်းမြတ်သောလမ်း၊ မှန်ကန်သောလမ်းကို သွန်သင်ပြသလျက်နေပါမည်။