နိုင်းမြစ်ထဲ၌ရှိသောငါးတို့သည် သေကြလိမ့်မည်။ နိုင်းမြစ်သည် အပုပ်နံ့ထွက်သဖြင့် အီဂျစ်လူမျိုးတို့သည် နိုင်းမြစ်ရေကို သောက်သုံးနိုင်မည်မဟုတ်’ဟူ၍ ပြောကြားလော့”ဟု မိန့်တော်မူ၏။
ထွက်မြောက် 7:24 - မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်လူမျိုးအပေါင်းတို့သည် နိုင်းမြစ်ရေကိုမသောက်သုံးနိုင်ကြသဖြင့် သောက်သုံးရေရရှိရန် နိုင်းမြစ်တစ်လျှောက် တွင်းတူးကြ၏။ Common Language Bible အီဂျစ်ပြည်သားတို့သည်မြစ်ရေကိုမသောက် သုံးနိုင်ကြသဖြင့်၊ မြစ်ကမ်းတစ်လျှောက် တွင်သောက်ရေအတွက်တွင်းတူးကြ၏။ Garrad Bible ထို အ ခါ အိ ဂျစ် ပြည် သူ ပြည် သား တို့ သည် မြစ် ရေ ကို မ သောက် နိုင် သော ကြောင့် သောက် ရေ အ လို့ ငှါ မြစ် အ နီး ဝဲ ယာ တွင်း တူး ကြ ကုန် ၏။ Judson Bible ထိုအခါ အဲဂုတ္တုလူတို့သည် မြစ်ရေကိုမသောက်နိုင်သောကြောင့်၊ သောက်ရေကိုရခြင်းငှာ မြစ်နားမှာတွင်းတူးကြ၏။ |
နိုင်းမြစ်ထဲ၌ရှိသောငါးတို့သည် သေကြလိမ့်မည်။ နိုင်းမြစ်သည် အပုပ်နံ့ထွက်သဖြင့် အီဂျစ်လူမျိုးတို့သည် နိုင်းမြစ်ရေကို သောက်သုံးနိုင်မည်မဟုတ်’ဟူ၍ ပြောကြားလော့”ဟု မိန့်တော်မူ၏။
ဖာရောမင်းကြီးသည် မိမိနန်းတော်သို့လှည့်ပြန်သွားကာ ဤအမှုကိုလည်း နှလုံးမသွင်းဘဲနေ၏။