ဖာရောမင်းကြီးကလည်း “သင်တို့သည် ပျင်းရိသောသူများဖြစ်ကြ၏။ ပျင်းရိသောကြောင့် သင်တို့က ‘ထာဝရဘုရားအား သွား၍ယဇ်ပူဇော်ကြစို့’ဟု ဆိုကြ၏။
ထိုအခါဖာရောဘုရင်က``သင်တို့သည်ပျင်း၏။ အလွန်ပျင်းသောကြောင့်သင်တို့က`အကျွန်ုပ်တို့ ၏ထာဝရဘုရားအားယဇ်ပူဇော်ရန်သွားပါ ရစေ' ဟုတောင်းလျှောက်ကြ၏။-
သင် တို့ ပျင်း ရိ သော ကြောင့် ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ရန် သွား ကြ အံ့ ဟု ဆို တတ် ကြ ၏။
ဖာရောဘုရင်ကလည်း၊ သင်တို့သည် ပျင်းရိသည်၊ ပျင်းရိသည်။ ထိုကြောင့် ငါတို့သည်သွား၍ ထာဝရဘုရားအား ယဇ်ပူဇော်ကြစို့ဟု သင်တို့ဆိုတတ်ကြ၏။
အရှင်မင်းကြီး၏အစေအပါးတို့အား ကောက်ရိုးကိုမပေးကြပါ။ သို့သော် ‘အုတ်များကိုလုပ်ကြလော့’ဟု အကျွန်ုပ်တို့အားဆိုကြပါ၏။ ကြည့်ပါလော့။ အရှင်မင်းကြီး၏အစေအပါးတို့သည် ရိုက်နှက်ခံရပါ၏။ အရှင်မင်းကြီး၏လူတို့၌သာ အပြစ်ရှိပါ၏”ဟု အော်ဟစ်ပြောဆိုကြ၏။
ယခုသွား၍ အလုပ်လုပ်ကြလော့။ သင်တို့အား ကောက်ရိုးကိုပေးမည်မဟုတ်။ သို့သော် သတ်မှတ်ထားသောအုတ်ပမာဏအတိုင်း သင်တို့လုပ်ပေးရမည်”ဟု ဆိုလေ၏။
သို့ရာတွင် ယခင် သူတို့ပြုလုပ်သောအုတ်အရေအတွက်အတိုင်း သူတို့ကိုလုပ်စေရမည်။ အရေအတွက်ကို မလျော့စေနှင့်။ အကြောင်းမူကား သူတို့သည် ပျင်းရိကြ၏။ ထို့ကြောင့် သူတို့က ‘ငါတို့၏ဘုရားသခင်အား သွား၍ယဇ်ပူဇော်ကြစို့’ဟု အော်ဟစ်ပြောဆိုကြ၏။
တပည့်တော်တို့သည် ထိုအခြင်းအရာကိုမြင်လျှင် စိတ်ဆိုးလျက် “အဘယ်ကြောင့် ဤသို့ဖြုန်းတီးရသနည်း။
ပျက်စီးတတ်သောအစားအစာအတွက်မဟုတ်ဘဲ လူ့သားသည် သင်တို့ကိုပေးမည့် ထာဝရအသက်တိုင်အောင်တည်မြဲသောအစားအစာအတွက် လုပ်ဆောင်ကြလော့။ အကြောင်းမူကား ခမည်းတော်ဘုရားသည် ထိုလူ့သားကို တံဆိပ်ခတ်နှိပ်တော်မူ၏”ဟု ပြန်၍မိန့်တော်မူ၏။