အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ထွက်​မြောက် 5:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဖာရော​မင်းကြီး​၏​အဓမ္မ​စေခိုင်း​သူ​များ​သည် မိမိ​တို့​ခန့်ထား​သော​အစ္စရေး​အမျိုးသား​အလုပ်ကြီးကြပ်သူ​များ​ကို​လည်း ရိုက်နှက်​ကာ “​သင်​တို့​သည် ယခင်​က​ကဲ့သို့ သင်​တို့​လုပ်​ရ​မည့်​အုတ်​ကို သတ်မှတ်ချက်​အတိုင်း မနေ့​ရော​ယနေ့​ပါ အဘယ်ကြောင့် မ​ပြီးစီး​ကြ​သနည်း​”​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

အီ​ဂျစ်​အ​မျိုး​သား​အုပ်​ချုပ်​သူ​တို့​က ဣ​သ ရေ​လ​အ​မျိုး​သား​အ​လုပ်​ကြပ်​တို့​ကို​ရိုက် နှက်​လျက်``ယ​နေ့​သင်​တို့​သည်​အ​ဘယ်​ကြောင့် ယ​ခင်​အုတ်​အ​ရေ​အ​တွက်​နှုန်း​ကို​မီ​အောင် မ​ထုတ်​နိုင်​သ​နည်း'' ဟု​မေး​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ဖာ ရော မင်း ၏ အ အုပ် အ ချုပ် တို့ ခန့် ထား သော ဣ သ ရေ လ အ မျိုး သား အ ကြပ် အ ဆော် တို့ အား၊ သင် တို့ သည် အ ထက် က အုတ် လုပ် ခဲ့ သည့် အ တိုင်း ယ မန် နေ့ နှင့် ယ နေ့ လုပ် ငန်း ဝန် တာ ကို အ ဘယ် ကြောင့် မ ပြီး စီး ကြ သ နည်း ဟု ဆို ၍ ရိုက် နှက် ကြ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ဖာ​ရော​မင်း၏​အ​အုပ်​အ​ချုပ်​တို့​သည် ခန့်​ထား​သော ဣ​သ​ရေ​လ​အ​မျိုး​အ​ကြပ်​အ​ဆော်​တို့​ကို သင်​တို့​သည် အ​ရင်​က​လုပ်​သည်​အ​တိုင်း၊ ယ​နေ့​နှင့် မ​နေ့၌ အုတ်​လုပ်​ရ​သော​အ​မှု​ကို အ​ဘယ်​ကြောင့် မ​ပြီး​စီး​စေ​ကြ​သ​နည်း​ဟု စစ်​၍​ရိုက်​ကြ၏။

အခန်းကိုကြည့်ပါ။



ထွက်​မြောက် 5:14
5 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ဘဝ​ခါးသီး​ရ​လောက်အောင်​ပင် ကြမ်းတမ်း​သော​အလုပ်​များ​ဖြစ်​သည့် သရွတ်ဖျော်​လုပ်ငန်း​၊ အုတ်ဖုတ်​လုပ်ငန်း​၊ လယ်ယာ​လုပ်ငန်း​ရှိသမျှ​တို့​၌ ခိုင်း​စေ​၏​။ ခိုင်းစေ​လေ​သမျှ​တို့​၌​လည်း ရက်စက်ကြမ်းတမ်း​စွာ ခိုင်း​စေ​၏​။


အဓမ္မ​စေခိုင်း​သူ​များ​က​လည်း “​သင်​တို့​၏​အလုပ်​ကို ကောက်ရိုး​ရရှိ​စဉ်က​အတိုင်း တစ်နေ့​အလုပ်​ကို တစ်နေ့​အတွင်း ပြီးစီး​စေ​ကြ​လော့​”​ဟု ဖိအား​ပေး​ပြောဆို​လေ​၏​။


ထိုအခါ အစ္စရေး​အမျိုးသား​အလုပ်ကြီးကြပ်သူ​များ​သည် ဖာရော​မင်းကြီး​ထံသို့​ဝင်​၍ “​အရှင်မင်းကြီး​၏​အစေအပါး​တို့​အား အဘယ်ကြောင့် ဤသို့​ပြု​ပါ​သနည်း​။


ထို​နေ့ချင်း​တွင် ဖာရော​မင်းကြီး​သည် လူ​တို့​ကို​အဓမ္မ​စေခိုင်း​သူ​များ​နှင့် အလုပ်ကြီးကြပ်သူ​တို့​အား


ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​က “​ဇိအုန်​မြို့​နေ​ငါ့​လူမျိုး​တော်​တို့​၊ အီဂျစ်​လူမျိုး​ပြု​သကဲ့သို့ သင့်​ကို ကြိမ်လုံး​နှင့်​ရိုက်နှက်​၍ သင့်​အပေါ်​တုတ်​မြှောက်​ထား​သော အဆီးရီးယား​လူမျိုး​ကို​မ​ကြောက်​နှင့်​။