မောရှေသည် ပြန်လာ၍ လူတို့ထဲမှ သက်ကြီးဝါကြီးတို့ကို ခေါ်ပြီးလျှင် မိမိအား ထာဝရဘုရားမိန့်မှာတော်မူသော ထိုစကားအလုံးစုံတို့ကို သူတို့ရှေ့မှောက်၌ ပြန်ပြော၏။
ထွက်မြောက် 4:30 - မြန်မာ့စံမီသမ္မာကျမ်း မောရှေအား ထာဝရဘုရားမိန့်တော်မူသောစကားအားလုံးကို အာရုန်သည် ထိုသူတို့အား ပြောကြား၍ အစ္စရေးလူမျိုးတို့၏မျက်မှောက်တွင် နိမိတ်လက္ခဏာတို့ကိုပြလေ၏။ Common Language Bible အာရုန်သည်ထာဝရဘုရားကမောရှေအား မိန့်တော်မူသမျှတို့ကို ဣသရေလအမျိုး သားတို့အားပြော၍သူတို့ရှေ့တွင်အံ့သြ ဖွယ်သောနိမိတ်လက္ခဏာတို့ကိုပြသဖြင့်၊- Garrad Bible မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သော ဗျာ ဒိတ် တော် အ လုံး စုံ ကို အာ ရုန် ပြန် ပြော၍ ထို သူ တို့ မျက် မှောက် တွင် လ က္ခ ဏာ သက် သေ များ ကို ပြ လေ သော်၊ Judson Bible အာရုန်သည် မောရှေအား ထာဝရဘုရားမိန့်တော်မူသော စကားတော်အလုံးစုံတို့ကိုပြန်ပြော၍၊ လူတို့ရှေ့မှာနိမိတ်သက်သေတို့ကိုပြလေ၏။ |
မောရှေသည် ပြန်လာ၍ လူတို့ထဲမှ သက်ကြီးဝါကြီးတို့ကို ခေါ်ပြီးလျှင် မိမိအား ထာဝရဘုရားမိန့်မှာတော်မူသော ထိုစကားအလုံးစုံတို့ကို သူတို့ရှေ့မှောက်၌ ပြန်ပြော၏။
မောရှေကလည်း “သူတို့သည် အကျွန်ုပ်ကိုမယုံ၊ အကျွန်ုပ်၏စကားကိုလည်းနားမထောင်ဘဲ ‘ထာဝရဘုရားသည် သင့်အား ကိုယ်ထင်ရှားပြတော်မမူ’ဟူ၍ ပြောဆိုကြပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
သင်သည် သူနှင့်စကားပြော၍ သူ့နှုတ်ထဲသို့ စကားများကိုထည့်ရမည်။ သင်၏နှုတ်နှင့်လည်းကောင်း၊ သူ၏နှုတ်နှင့်လည်းကောင်း ငါအတူရှိမည်။ သင်တို့ပြုရမည့်အရာကို သင်တို့အား ငါသွန်သင်မည်။
သူသည် သင့်ကိုယ်စား လူတို့အား စကားပြောမည်။ သူသည် သင်၏နှုတ်ကဲ့သို့ဖြစ်၍ သင်သည် သူ၏ဘုရားကဲ့သို့ဖြစ်မည်။