သင်သည် ၎င်းကို ရွှေစင်ဖြင့်မွမ်းမံရမည်။ အတွင်းရောအပြင်ပါမွမ်းမံ၍ ထိုသေတ္တာပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်ရမည်။
ထွက်မြောက် 37:26 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပလ္လင်၏အပေါ်ပိုင်းကိုလည်းကောင်း၊ ဘေးပတ်ပတ်လည်ကိုလည်းကောင်း၊ ချိုများကိုလည်းကောင်း ရွှေစင်ဖြင့်မွမ်းမံ၏။ ယဇ်ပလ္လင်အပေါ်ပိုင်းပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်၏။ Common Language Bible ပလ္လင်တော်မျက်နှာပြင်၊ ဘေးပတ်လည်လေး ဘက်နှင့်ထောင့်ချွန်အတက်တို့ကိုရွှေချ၍၊ အပေါ်နားပတ်လည်တွင်ရွှေပြော့ကြောင်း ထိုးထား၏။- Garrad Bible ပ လ္လင် တော် ထိပ် ပြင်၊ ဘေး ပတ် လည် စိန် တောင် များ ပါ ရွှေ စင် နှင့် မွမ်း မံ လျက် ပတ် လည် ရွှေ ပြော့ ကြောင်း ထိုး ထား လေ ၏။ Judson Bible ပလ္လင်ထိပ်၊ နံရံ၊ ဦးချိုတို့ကို ရွှေစင်နှင့် မွမ်းမံ၍၊ အပေါ်နားပတ်လည်၌ကွပ်သော ရွှေတန်ဆာကို လုပ်လေ၏။ |
သင်သည် ၎င်းကို ရွှေစင်ဖြင့်မွမ်းမံရမည်။ အတွင်းရောအပြင်ပါမွမ်းမံ၍ ထိုသေတ္တာပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်ရမည်။
နံ့သာပေါင်းရှို့ရာယဇ်ပလ္လင်ကို အကေရှားသစ်သားဖြင့်လုပ်ထား၏။ ထိုယဇ်ပလ္လင်သည် အလျားတစ်တောင်၊ အနံတစ်တောင် စတုရန်းပုံဖြစ်၍ အမြင့်နှစ်တောင်ရှိ၏။ ယဇ်ပလ္လင်၏ချိုများသည် ယဇ်ပလ္လင်နှင့်တစ်ဆက်တည်းဖြစ်၏။
ရွှေဖြင့်ခြယ်လှယ်ထားသောအပိုင်း၏အောက်နား၊ ယဇ်ပလ္လင်ဘေးနှစ်ဖက် တစ်ဖက်တစ်ချက်တွင် ရွှေကွင်းနှစ်ကွင်းကိုတပ်ထား၏။ ထိုကွင်းတို့သည် ယဇ်ပလ္လင်ကိုထမ်းရန် ထမ်းပိုးများလျှိုစရာဖြစ်၏။