ဆီမီးခုံ၏ဘေးတစ်ဖက်တစ်ချက်မှ တစ်ဖက်တွင် ဆီမီးခုံအလက်သုံးလက်၊ အခြားတစ်ဖက်တွင် ဆီမီးခုံအလက်သုံးလက် အားလုံးပေါင်း အလက်ခြောက်လက်ထွက်ရမည်။
ထွက်မြောက် 37:18 - မြန်မာ့စံမီသမ္မာကျမ်း ဆီမီးခုံ၏ဘေးတစ်ဖက်တစ်ချက်မှ တစ်ဖက်တွင် ဆီမီးခုံအလက်သုံးလက်၊ အခြားတစ်ဖက်တွင် ဆီမီးခုံအလက်သုံးလက် အားလုံးပေါင်း အလက်ခြောက်လက်ထွက်၏။ Common Language Bible ဆီမီးတိုင်တစ်ဘက်တစ်ချက်မှအကိုင်းသုံး ခက်စီဖြင့်၊ အကိုင်းခြောက်လက်ဖြာထွက်၏။- Garrad Bible မီး ခုံ တော် တစ် ဘက် တစ် ချက်၌ ရိုး တန် သုံး လက် စီ ထွက်၍ ရိုး တန် ခြောက် လက် ရှိ ၏။ Judson Bible မီးခုံတိုင် တစ်ဖက်တစ်ချက် သုံးလက်စီထွက်၍၊ အလက်ခြောက်လက်ရှိ၏။ |
ဆီမီးခုံ၏ဘေးတစ်ဖက်တစ်ချက်မှ တစ်ဖက်တွင် ဆီမီးခုံအလက်သုံးလက်၊ အခြားတစ်ဖက်တွင် ဆီမီးခုံအလက်သုံးလက် အားလုံးပေါင်း အလက်ခြောက်လက်ထွက်ရမည်။
ရွှေစင်ဖြင့်ဆီမီးခုံကို လုပ်၏။ ဆီမီးခုံတိုင်၊ ဆီမီးခုံ၏အလက်၊ ခွက်များ၊ ပွင့်ဖတ်အုံများ၊ ပွင့်ဖတ်များကို တစ်သားတည်းဖြစ်အောင် ထုလုပ်၏။
အလက်တစ်ခု၌ ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်သုံးခွက်ရှိ၏။ အခြားအလက်တစ်ခု၌လည်း ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်သုံးခွက်ရှိ၏။ ဆီမီးခုံမှထွက်သောအလက်ခြောက်လက်သည် တူကြ၏။
“မီးခွက်များကို ထွန်းညှိသောအခါ မီးခွက်ခုနစ်လုံးသည် ဆီမီးခုံ၏ရှေ့ဘက်၌ လင်းနေရမည်ဟူ၍ အာရုန်အား ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။