ယောသပ်သည် မိမိ၏အစ်ကိုအပေါင်းတို့ကိုလည်းနမ်း၍ ငိုကြွေးလေ၏။ ထို့နောက်မှ သူ၏ညီအစ်ကိုတို့သည် သူနှင့်စကားပြောကြ၏။
ထွက်မြောက် 34:31 - မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် မောရှေသည် သူတို့ကိုခေါ်သဖြင့် အာရုန်နှင့်လူထုခေါင်းဆောင်အားလုံးတို့သည် သူ့ထံသို့ပြန်လာကြ၍ မောရှေသည် သူတို့နှင့်စကားပြောလေ၏။ Common Language Bible သို့သော်မောရှေကအာရုန်နှင့်ဣသရေလ အမျိုးသားခေါင်းဆောင်အပေါင်းတို့ကိုခေါ် သဖြင့်၊ သူတို့သည်မောရှေထံသို့ချဉ်းကပ် လာကြ၏။ မောရှေသည်လည်းသူတို့နှင့် စကားပြောလေ၏။- Garrad Bible မော ရှေ ခေါ် သည့် အ လျောက် ချဉ်း ကပ် သူ အာ ရုန် နှင့် ပ ရိ သတ် အ ကြီး အ ကဲ တို့ ကို နှုတ် ဆက် ပြီး နောက်၊ Judson Bible မောရှေသည် သူတို့ကိုခေါ်၍၊ အာရုန်နှင့် ပရိသတ်သူကြီးတို့သည် ချဉ်းကပ်ကြလျှင်၊ မောရှေသည်နှုတ်ဆက်လေ၏။ |
ယောသပ်သည် မိမိ၏အစ်ကိုအပေါင်းတို့ကိုလည်းနမ်း၍ ငိုကြွေးလေ၏။ ထို့နောက်မှ သူ၏ညီအစ်ကိုတို့သည် သူနှင့်စကားပြောကြ၏။
ယောသပ်က သူ၏ညီအစ်ကိုတို့အား “အကျွန်ုပ်သည် ယောသပ်ဖြစ်၏။ အကျွန်ုပ်၏ဖခင် အသက်ရှင်သေးသလော”ဟု မေး၏။ သို့သော် ညီအစ်ကိုတို့သည် ယောသပ်ရှေ့၌ ထိတ်လန့်နေကြသဖြင့် သူ့ကိုပြန်မဖြေနိုင်ကြ။
ဆဋ္ဌမနေ့ရောက်သောအခါ မုန့်ကို တစ်ယောက်နှစ်ဩမဲစီ နှစ်ဆကောက်ယူကြ၏။ ထိုအကြောင်းကို လူထုခေါင်းဆောင်အပေါင်းတို့သည်လာ၍ မောရှေအားပြောကြားကြ၏။
တစ်ဖန် ဘုရားသခင်က မောရှေအား “သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့ကို သင်တို့ထံသို့ စေလွှတ်တော်မူပြီ။ ဤနာမသည် ငါ၏ထာဝရနာမဖြစ်၏။ မျိုးဆက်အစဉ်အဆက် သိမှတ်ရမည့် ငါ၏နာမဖြစ်၏’ဟု ပြောရမည်။
အာရုန်နှင့်အစ္စရေးအမျိုးသားအပေါင်းတို့သည် မောရှေကိုမြင်သောအခါ သူ၏မျက်နှာသည် ထွန်းပနေသဖြင့် သူ့ထံသို့ မချဉ်းကပ်ဝံ့ကြချေ။
ထို့နောက်မှ အစ္စရေးအမျိုးသားအပေါင်းတို့သည် ချဉ်းကပ်လာကြ၍ မောရှေသည် သိနာတောင်ပေါ်၌ မိမိအား ထာဝရဘုရားမိန့်ဆိုတော်မူသောအရာရှိသမျှတို့ကို သူတို့အား ဆင့်ဆိုလေ၏။