သို့သော် ထာဝရဘုရားသည် အာဗြံ၏မယားစာရဲအတွက်ကြောင့် ဖာရောမင်းကြီးနှင့် သူ၏နန်းတော်သူနန်းတော်သားတို့အပေါ် ကြီးစွာသောဘေးဒဏ်ကိုကျရောက်စေတော်မူ၏။
ထွက်မြောက် 32:35 - မြန်မာ့စံမီသမ္မာကျမ်း အာရုန်လုပ်သောနွားသငယ်ရုပ်တုအားဖြင့် သူတို့ပြုခဲ့သောအမှုကြောင့် ထာဝရဘုရားသည် လူတို့ကိုဒဏ်ခတ်တော်မူ၏။ Common Language Bible ထို့ကြောင့်ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့တွင်ကပ်ရောဂါဆိုက်ရောက် စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော်သူတို့ သည်အာရုန်အား ရွှေနွားငယ်ရုပ်ကိုသွန်း လုပ်စေသောကြောင့်ဖြစ်သည်။ Garrad Bible အာ ရုန် မှ စ၍ လူ မျိုး သည် နွား ရုပ် ကို သွန်း လုပ် ကြ သော ကြောင့် ထာ ဝ ရ ဘု ရား ဒဏ် ခတ် တော် မူ ၏။ Judson Bible အာရုန်နှင့် လူများတို့သည် နွားသငယ်ကိုလုပ်ကြသောကြောင့် သူတို့ကိုဒဏ်ခတ်တော်မူ၏။ |
သို့သော် ထာဝရဘုရားသည် အာဗြံ၏မယားစာရဲအတွက်ကြောင့် ဖာရောမင်းကြီးနှင့် သူ၏နန်းတော်သူနန်းတော်သားတို့အပေါ် ကြီးစွာသောဘေးဒဏ်ကိုကျရောက်စေတော်မူ၏။
အကျွန်ုပ်က သူတို့အား ‘ရွှေရှိသောသူ ချွတ်လော့’ဟု ဆိုသော် သူတို့သည် အကျွန်ုပ်အား ရွှေကိုပေးကြပါ၏။ အကျွန်ုပ်သည်လည်း ၎င်းကို မီးထဲသို့ပစ်ချလိုက်ရာ ဤနွားသငယ်ရုပ်တု ထွက်လာပါ၏”ဟု ပြန်ဖြေလေ၏။
အာရုန်ကြောင့် ထိုသူတို့သည် ရန်သူတို့ကဲ့ရဲ့စရာဖြစ်အောင် အထိန်းအကွပ်မရှိပြုမူကြ၏။ ထိုသို့အထိန်းအကွပ်မရှိပြုမူနေကြသောလူတို့ကို မောရှေတွေ့မြင်သောအခါ
မောရှေ၏စကားအတိုင်း လေဝိ၏သားမြေးတို့ပြုကြရာ ထိုနေ့၌ ထိုလူတို့ထဲမှယောက်ျားသုံးထောင်ခန့် သေလေ၏။
အာရုန်သည်လည်း ထိုရွှေတို့ကိုယူပြီး နွားသငယ်ရုပ်တုကို ကညစ်ဖြင့်ပုံဖော်၍ သွန်းလုပ်လေ၏။ ထို့နောက် သူတို့က “အို အစ္စရေးလူမျိုး၊ ဤသည်ကား သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသော သင်တို့၏ဘုရားဖြစ်၏”ဟု ဆိုကြ၏။
သူသည် မတရားမှုကြောင့်ရရှိသောအဖိုးအခဖြင့် မြေတစ်ကွက်ကိုဝယ်ယူပြီးနောက် ဇောက်ထိုးကျလျက် ဝမ်းဗိုက်ပေါက်သဖြင့် သူ၏အူများအကုန်ထွက်ကျလေ၏။
ဤသို့ဖြင့် သူတို့သည် ထိုနေ့ရက်များ၌ နွားသငယ်ရုပ်ကိုသွန်းလုပ်၍ ထိုရုပ်တုထံသို့ ယဇ်ကိုယူဆောင်လာကာ မိမိတို့လက်ဖြင့်ပြုလုပ်သောအရာ၌ ပျော်မွေ့နေကြ၏။