အာရုန်လုပ်သောနွားသငယ်ရုပ်တုအားဖြင့် သူတို့ပြုခဲ့သောအမှုကြောင့် ထာဝရဘုရားသည် လူတို့ကိုဒဏ်ခတ်တော်မူ၏။
ထွက်မြောက် 32:24 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်က သူတို့အား ‘ရွှေရှိသောသူ ချွတ်လော့’ဟု ဆိုသော် သူတို့သည် အကျွန်ုပ်အား ရွှေကိုပေးကြပါ၏။ အကျွန်ုပ်သည်လည်း ၎င်းကို မီးထဲသို့ပစ်ချလိုက်ရာ ဤနွားသငယ်ရုပ်တု ထွက်လာပါ၏”ဟု ပြန်ဖြေလေ၏။ Common Language Bible အကျွန်ုပ်ကသူတို့အား`သင်တို့၏ရွှေဝတ် တန်ဆာကိုချွတ်၍ငါ့အားပေးလော့' ဟု ပြောပါသည်။ အကျွန်ုပ်သည်သူတို့ထံမှ ရရှိသောရွှေအားမီးထဲသို့ပစ်ချရာ၊ ဤ နွားရုပ်ထွက်လာပါသည်'' ဟုဆိုလေ၏။ Garrad Bible ရွှေ ရှိ သူ သည် ချွတ် စေ ဟု အ ကျွန်ုပ် ဆို သည့် အ တိုင်း ပေး ကြ ရာ မီး ထဲ သို့ ပစ် ချ လိုက် သော် ဤ နွား ရုပ် ထွက် ပေါ် ပါ သည် ဟု ပြန် ပြော ၏။ Judson Bible အကျွန်ုပ်က၊ ရွှေရှိသောသူသည်ချွတ်စေဟု ဆိုသည်နှင့်အညီ၊ သူတို့ပေးသော ရွှေကို အကျွန်ုပ်သည်မီးထဲ၌ထည့်လျှင်၊ ဤနွားသငယ်ထွက်လာပါသည်ဟု ပြန်ပြော၏။ |
အာရုန်လုပ်သောနွားသငယ်ရုပ်တုအားဖြင့် သူတို့ပြုခဲ့သောအမှုကြောင့် ထာဝရဘုရားသည် လူတို့ကိုဒဏ်ခတ်တော်မူ၏။
အာရုန်သည်လည်း ထိုရွှေတို့ကိုယူပြီး နွားသငယ်ရုပ်တုကို ကညစ်ဖြင့်ပုံဖော်၍ သွန်းလုပ်လေ၏။ ထို့နောက် သူတို့က “အို အစ္စရေးလူမျိုး၊ ဤသည်ကား သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသော သင်တို့၏ဘုရားဖြစ်၏”ဟု ဆိုကြ၏။
ထိုသူသည် မိမိကိုယ်ကိုဖြောင့်မတ်ကြောင်း ဖော်ပြလို၍ “သို့ဖြစ်လျှင် မည်သူသည် အကျွန်ုပ်၏ဝန်းကျင်၌ရှိသောသူဖြစ်သနည်း”ဟု ယေရှုအား မေးလျှောက်လေ၏။