ယောရှုသည် ကျယ်လောင်စွာအော်ဟစ်နေသောလူတို့၏အသံကိုကြားသောအခါ မောရှေအား “တပ်စခန်းထဲ၌ စစ်တိုက်သံပါတကား”ဟု ဆိုလေ၏။
ထွက်မြောက် 32:18 - မြန်မာ့စံမီသမ္မာကျမ်း မောရှေက “အောင်မြင်မှုရ၍ကြွေးကြော်သောအသံ မဟုတ်၊ ရှုံးနိမ့်၍အော်ဟစ်သောအသံလည်း မဟုတ်။ ငါကြားသောအသံကား သီချင်းဆိုသံဖြစ်၏”ဟု ပြန်ပြော၏။ Common Language Bible မောရှေက``ငါကြားရသောအသံသည်၊ စစ် အောင်သံလည်းမဟုတ်၊ စစ်ရှုံးသံလည်းမဟုတ်၊ သီချင်းသံပင်ဖြစ်သည်'' ဟုပြန်ပြော၏။ Garrad Bible ငါ ကြား သော အ သံ ကား အောင်၍ ကြွေး ကြော် သံ မ ဟုတ်။ ရှုံး ၍ အော် ဟစ် သံ လည်း မ ဟုတ်။ ဧ ချင်း သံ ဖြစ် သ တည်း ဟု ပြန် ပြော လေ ၏။ Judson Bible မောရှေကလည်း၊ ငါကြားသောအသံသည် အောင်၍ကြွေးကြော်သံမဟုတ်၊ ရှုံး၍ငိုကြွေးသံလည်းမဟုတ်၊ သီချင်းဆိုသံဖြစ်သတည်းဟု ပြန်ပြော၏။ |
ယောရှုသည် ကျယ်လောင်စွာအော်ဟစ်နေသောလူတို့၏အသံကိုကြားသောအခါ မောရှေအား “တပ်စခန်းထဲ၌ စစ်တိုက်သံပါတကား”ဟု ဆိုလေ၏။
မောရှေသည် တပ်စခန်းအနီးသို့ရောက်သည်နှင့် နွားသငယ်ရုပ်တုကိုလည်းကောင်း၊ ကခုန်နေကြသည်ကိုလည်းကောင်း မြင်သောအခါ အမျက်ထွက်၍ တောင်ခြေရင်း၌ မိမိလက်ထဲမှကျောက်ပြားများကို ပစ်ချကာ ချိုးဖျက်လေ၏။
ကောင်းကင်ဘုံရှင်ကို ဆန့်ကျင်၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၏။ ထိုအရှင်၏ဗိမာန်တော်မှခွက်ဖလားများကို သင့်ရှေ့မှောက်သို့ယူလာစေပြီး သင်မှစ၍ မှူးမတ်များ၊ မိဖုရားများ၊ ကိုယ်လုပ်တော်များသည် ထိုခွက်များဖြင့် စပျစ်ဝိုင်ကိုသောက်ပြီး မျက်စိလည်းမမြင်၊ နားလည်းမကြား၊ ဘာမျှလည်း မသိနိုင်သော ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သစ်သား၊ ကျောက်တို့ဖြင့် လုပ်ထားသောဘုရားများကို ထောမနာပြုကြ၏။ သင့်အသက်၊ သင့်ဘဝလမ်းတစ်ခုလုံးကိုပိုင်တော်မူသောဘုရားသခင်ကိုမူ သင်မချီးမြှောက်ခဲ့။
ထိုသို့ စပျစ်ဝိုင်ကိုသောက်ရင်း ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သစ်သား၊ ကျောက်တို့ဖြင့် လုပ်ထားသောဘုရားများကို ထောမနာပြုကြ၏။