ဤသို့ သေဘေးနှင့်ကင်းလွတ်မည့်အကြောင်း ခြေလက်ကို ဆေးကြောခြင်းသည် အာရုန်မှစ၍ သူ၏သားမြေး၊ သူတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု မိန့်တော်မူ၏။
သူတို့နှင့်သူတို့၏အမျိုးအစဉ်အဆက် တို့သည်၊ ထိုပညတ်ကိုအမြဲလိုက်နာရ ကြမည်'' ဟုမိန့်တော်မူ၏။
သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ မိမိတို့လက်ခြေကိုဆေးရမည်။ ထိုသို့ သူတို့နှင့် သူတို့အမျိုးအနွယ် အစဉ်အဆက်တို့သည် စောင့်ရသော ပညတ်တော်ဖြစ်သတည်းဟု မိန့်တော်မူ၏။
တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း သက်သေခံချက်ရှေ့ရှိ ကန့်လန့်ကာအပြင်ဘက်တွင် အာရုန်နှင့်သူ၏သားများသည် ထာဝရဘုရားရှေ့တော်၌ နေဝင်ချိန်မှ နံနက်တိုင်အောင် မီးထွန်းခြင်းအမှုကို စီစဉ်ပြင်ဆင်ရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
အာရုန်နှင့်သူ၏သားတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ ဝင်သောအခါဖြစ်စေ၊ သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရန် ယဇ်ပလ္လင်တော်သို့ ချဉ်းကပ်သောအခါဖြစ်စေ အပြစ်သင့်၍မသေစေရန် ထိုဘောင်းဘီကိုဝတ်ရမည်။ ဤသည်ကား အာရုန်နှင့် နောင်လာမည့်သူ၏သားစဉ်မြေးဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ၌ဖြစ်စေ၊ ထာဝရဘုရားထံ၌ အမှုတော်ဆောင်ရွက်ရန်နှင့် မီးဖြင့်ပူဇော်သောယဇ်ကိုပူဇော်ရန် ယဇ်ပလ္လင်တော်သို့ ချဉ်းကပ်သောအခါ၌ဖြစ်စေ သေဘေးနှင့်ကင်းလွတ်မည့်အကြောင်း ခြေလက်ကိုရေဖြင့်ဆေးကြောရမည်။
တစ်ဖန် ထာဝရဘုရားက မောရှေအား