ထာဝရဘုရားရှေ့တော်ရှိ တဆေးမဲ့မုန့်တောင်းထဲမှ မုန့်တစ်လုံး၊ ဆီရောသောမုန့်ဝိုင်းတစ်ခုနှင့် မုန့်ကြွပ်တစ်ခုကိုယူရမည်။
ထွက်မြောက် 29:24 - မြန်မာ့စံမီသမ္မာကျမ်း ထိုအရာအားလုံးကို အာရုန်၏လက်ထဲ၌လည်းကောင်း၊ သူ့သားတို့၏လက်ထဲ၌လည်းကောင်း ထည့်၍ ၎င်းတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။ Common Language Bible ``ထိုပူဇော်သကာအားလုံးတို့ကိုအာရုန်နှင့် သူ၏သားများလက်ထဲသို့ထည့်၍ သူတို့က အထူးပူဇော်သကာအဖြစ်ငါ့အားဆက် သစေရမည်။- Garrad Bible မုန့် လုံး၊ ဆီ မုန့် ပေါက်၊ မုန့် ချပ်၊ တစ် ခု စီ ယူ ၍ ရှိ သ မျှ ကို အာ ရုန် နှင့် သား တို့ လက် ဝယ် ထား သ ဖြင့်၊ ငါ ထာ ဝ ရ ဘု ရား ရှေ့ ဦး တိုက် ရာ အ လှူ အ ဖြစ် ဖြင့် ဦး တိုက် ခြင်း။ Judson Bible အာရုန်လက်၊ သူ၏သားတို့လက်၌ ထိုအရာတို့ကိုထားပြီးလျှင်၊ ထာဝရဘုရားရှေ့တော်၌ချီလွှဲ၍၊ ချီလွှဲသောပူဇော်သကာပြုရမည်။ |
ထာဝရဘုရားရှေ့တော်ရှိ တဆေးမဲ့မုန့်တောင်းထဲမှ မုန့်တစ်လုံး၊ ဆီရောသောမုန့်ဝိုင်းတစ်ခုနှင့် မုန့်ကြွပ်တစ်ခုကိုယူရမည်။
ထိုအရာတို့ကို သူတို့၏လက်ထဲမှခံယူ၍ ထာဝရဘုရားရှေ့တော်၌ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်ရှိ မီးရှို့ရာယဇ်ပေါ်၌ ရှို့ရမည်။ ဤသည်ကား ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ဖြစ်၏။
ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံ၊ အလှူပစ္စည်းဖြစ်သောပေါင်တို့ကို သင်နှင့် သင့်သားသမီးတို့သည် သန့်ရှင်းသောနေရာ၌ စားကြရမည်။ အကြောင်းမူကား ၎င်းတို့ကို အစ္စရေးအမျိုးသား၏မိတ်သဟာယယဇ်ထဲမှ သင်ရရှိရမည့်ဝေစု၊ သင့်သားသမီးတို့ရရှိရမည့်ဝေစုအဖြစ် ပေးထားတော်မူပြီ။
သင်တို့ကို လက်ခံမည့်အကြောင်း ယဇ်ပုရောဟိတ်သည် ထိုသီးနှံအစည်းကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။ ယဇ်ပုရောဟိတ်သည် ထိုသီးနှံအစည်းကို ဥပုသ်နေ့လွန်ပြီးနောက်တစ်နေ့၌ ချီလွှဲရမည်။
ထိုသူသည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ကို မိမိလက်ဖြင့်ယူဆောင်လာရမည်။ အဆီနှင့်တကွရင်ပုံကို ယူဆောင်လာ၍ ရင်ပုံကို ချီလွှဲရာပူဇော်သက္ကာအဖြစ် ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။
ထို့နောက် ထိုအရာအားလုံးကို အာရုန်နှင့် သူ့သားတို့၏လက်ထဲသို့ ထည့်ပေး၍ ၎င်းတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲကြ၏။
မောရှေမှာကြားသည့်အတိုင်း အာရုန်သည် ရင်ပုံနှင့်ယာဘက်ပေါင်တို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲလေ၏။
ထို့နောက်မှ လေဝိအမျိုးတို့သည် အမှုတော်ထမ်းဆောင်ရန် တွေ့ဆုံစည်းဝေးရာတဲတော်သို့ဝင်ရမည်။ သင်သည် သူတို့ကို စင်ကြယ်စေ၍ ချီလွှဲရာပူဇော်သက္ကာအဖြစ် ဆက်ကပ်ရမည်။