ဝတ်လုံ၏အောက်နားပတ်ပတ်လည်တွင် ရွှေဆည်းလည်းတစ်လုံး သလဲသီးတစ်လုံး၊ ရွှေဆည်းလည်းတစ်လုံး သလဲသီးတစ်လုံး တစ်လုံးခြားစီ တပ်ရမည်။
ထွက်မြောက် 28:35 - မြန်မာ့စံမီသမ္မာကျမ်း အာရုန်သည် အမှုတော်ဆောင်ရွက်သောအခါ ထိုဝတ်လုံကိုဝတ်ရမည်။ သူသည် ထာဝရဘုရားရှေ့တော်ရှိ သန့်ရှင်းရာဌာနတော်ထဲသို့ဝင်ထွက်သောအခါတိုင်း ဆည်းလည်းသံမြည်နေရမည်။ သို့မှ သေဘေးနှင့်ကင်းလိမ့်မည်။ Common Language Bible အာရုန်သည်ယဇ်ပုရောဟိတ်အမှုကိစ္စကို ဆောင်ရွက်ရသည့်အခါ၌ ဤဝတ်ရုံကိုဝတ် ဆင်ရမည်။ သူသည်သန့်ရှင်းရာဌာနအတွင်း ငါ၏ရှေ့တော်သို့ဝင်သည့်အခါဖြစ်စေ၊ ထို နေရာမှထွက်လာသည့်အခါ၌ဖြစ်စေ ဆည်းလည်းသံများကိုကြားရမည်ဖြစ် သဖြင့်သူသည်သေဘေးမှလွတ်လိမ့်မည်။ Garrad Bible အာ ရုန် သည် အ မှု တော် ကို ဆောင် ရွက် ခြင်း ငှါ၊ သန့် ရှင်း ရာ ဌာ န တော် သို့ ငါ ထာ ဝ ရ ဘု ရား ရှေ့ ဝင် ထွက် သော အ ခါ သေ ဘေး နှင့် ကင်း လွတ် ရန် ဝတ် လုံ ကို ဝတ်၍ ချူ သံ ကို ကြား ကြ လိမ့် မည်။ Judson Bible အာရုန်သည် အမှုတော်ကိုဆောင်၍၊ သန့်ရှင်းရာအရပ် ဌာနတော်အထဲမှာ၊ ထာဝရဘုရားရှေ့တော်၌ ထွက်ဝင်သောအခါ၊ သေဘေးနှင့်ကင်းလွတ်မည်အကြောင်း၊ ထိုဝတ်လုံကိုဝတ်၍ သူ၏အသံကို ကြားရမည်။ |
ဝတ်လုံ၏အောက်နားပတ်ပတ်လည်တွင် ရွှေဆည်းလည်းတစ်လုံး သလဲသီးတစ်လုံး၊ ရွှေဆည်းလည်းတစ်လုံး သလဲသီးတစ်လုံး တစ်လုံးခြားစီ တပ်ရမည်။
သင်သည် ရွှေစင်ပြားကိုလုပ်၍ ကမ္ပည်းတံဆိပ်အဖြစ် ထိုရွှေစင်ပြားပေါ်၌ ‘ထာဝရဘုရား၌သန့်ရှင်းခြင်း’ဟု ကမ္ပည်းထိုးရမည်။
“ငါသည် ကရုဏာတော်ပလ္လင်အထက်တွင် မိုးတိမ်အားဖြင့်ထင်ရှားမည်ဖြစ်၍ သင်၏အစ်ကိုအာရုန်မသေရမည့်အကြောင်း သေတ္တာပေါ်ရှိ ကရုဏာတော်ပလ္လင်ရှေ့၊ ကန့်လန့်ကာအတွင်းဘက်ရှိ သန့်ရှင်းရာဌာနထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာခြင်းမပြုရန် သူ့အားပြောလော့။
ဆိတ်နှင့်နွားသငယ်တို့၏သွေးအားဖြင့်မဟုတ်ဘဲ မိမိ၏သွေးတော်အားဖြင့် သန့်ရှင်းရာဌာနထဲသို့ တစ်ကြိမ်တည်းနှင့်အပြီးဝင်တော်မူ၍ ထာဝရရွေးနုတ်ကယ်တင်ခြင်းအကျိုးကို သက်ရောက်စေတော်မူ၏။