ရင်ခံပြားကို ဧဖုဒ်မှမကွာစေဘဲ ဧဖုဒ်၏ခါးပတ်ပြား အထက်၌ရှိနေစေရန် ထိုရင်ခံပြား၏ကွင်းများနှင့် ဧဖုဒ်၏ကွင်းများကို အပြာရောင်ကြိုးဖြင့်တွဲချည်ထားရမည်။
ထွက်မြောက် 28:31 - မြန်မာ့စံမီသမ္မာကျမ်း ဧဖုဒ်အောက်ရှိဝတ်လုံကို အပြာရောင်ချည်သက်သက်ဖြင့် ရက်လုပ်ရမည်။ Common Language Bible ``သင်တိုင်းပေါ်တွင်ဝတ်ရသောဝတ်ရုံကို သိုးမွေးအပြာဖြင့်ချုပ်လုပ်ရမည်။- Garrad Bible ကိုယ် ဝတ် ဆိုင် ရာ ဝတ် လုံ ကို အ ပြာ ချည် သက် သက် နှင့် ရက် လုပ် ရာ၊ Judson Bible သင်တိုင်းနှင့်ဆိုင်သော ဝတ်လုံကို၊ ပြာသောအထည်နှင့်သာလုပ်ရမည်။ |
ရင်ခံပြားကို ဧဖုဒ်မှမကွာစေဘဲ ဧဖုဒ်၏ခါးပတ်ပြား အထက်၌ရှိနေစေရန် ထိုရင်ခံပြား၏ကွင်းများနှင့် ဧဖုဒ်၏ကွင်းများကို အပြာရောင်ကြိုးဖြင့်တွဲချည်ထားရမည်။
ဝတ်လုံ၌ ခေါင်းစွပ်ရန် လည်ပင်းပေါက်ရှိရမည်။ ထိုလည်ပင်းပေါက်ပတ်ပတ်လည်၌ အနားပတ်ရှိရမည်။ လည်ပင်းပေါက်မစုတ်မပြဲစေရန် သံချပ်အင်္ကျီလည်ပင်းပေါက်ကဲ့သို့ ထိုအနားပတ်ကို ရက်လုပ်ရမည်။
သူတို့ပြုလုပ်ရမည့်အဝတ်တန်ဆာများကား ရင်ခံပြား၊ ဧဖုဒ်၊ ဝတ်လုံ၊ ရက်လုပ်ထားသောအတွင်းသင်တိုင်း၊ ခေါင်းပေါင်းနှင့် ခါးစည်း တို့ဖြစ်၏။ ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် သင့်အစ်ကိုအာရုန်နှင့် သူ့သားများအတွက် သန့်ရှင်းသောအဝတ်တန်ဆာကိုချုပ်လုပ်ရမည်။
အဝတ်တန်ဆာကိုယူ၍ အာရုန်အား အတွင်းသင်တိုင်း၊ ဧဖုဒ်အောက်ရှိဝတ်လုံ၊ ဧဖုဒ်နှင့် ရင်ခံပြားတို့ကို ဝတ်ဆင်ပေးပြီး ရင်ခံပြားကို ဧဖုဒ်၏ခါးပတ်ပြားဖြင့် တွဲချည်ရမည်။
အာရုန်အား အတွင်းသင်တိုင်းဝတ်ပေးပြီး ခါးစည်းစည်းပေး၏။ ဝတ်လုံဝတ်ပေးပြီး ဧဖုဒ်ဆင်ပေး၏။ ဧဖုဒ်၏ခါးပတ်ပြားကိုစည်းပေး၍ ခါးပတ်ပြားကို ဧဖုဒ်နှင့် တွဲချည်ပေး၏။
သူ့မိခင်သည် သူ့အတွက် ဝတ်လုံငယ်ကိုချုပ်လုပ်၏။ နှစ်စဉ်ယဇ်ပူဇော်ရမည့်အချိန်ရောက်၍ ခင်ပွန်းသည်နှင့် ယဇ်ပူဇော်ရန်သွားသောအခါတိုင်း သူ့အတွက် ယူသွားပေးလေ့ရှိ၏။