ယောသပ်ရှေ့၌ ယောသပ်၏ညီအစ်ကိုတို့ကို အကြီးဆုံးမှအငယ်ဆုံးတိုင်အောင် အသက်အရွယ်အလိုက် နေရာချထား၏။ သူတို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ကြည့်လျက် အံ့အားသင့်နေကြ၏။
ထွက်မြောက် 28:10 - မြန်မာ့စံမီသမ္မာကျမ်း ခြောက်ယောက်၏အမည်ကို ပထမကျောက်တစ်လုံးအပေါ်တွင်လည်းကောင်း၊ ကျန်ခြောက်ယောက်၏အမည်ကို ဒုတိယကျောက်တစ်လုံးအပေါ်တွင်လည်းကောင်း ကြီးစဉ်ငယ်လိုက်ကမ္ပည်းထိုးရမည်။ Common Language Bible တစ်လုံးပေါ်တွင်သားခြောက်ယောက်၏နာမည် များကိုကြီးစဉ်ငယ်လိုက်ထွင်း၍၊ အခြား ကျောက်တစ်လုံးပေါ်တွင် ကျန်သောသားခြောက် ယောက်၏နာမည်ကိုထွင်းရမည်။- Judson Bible အသက်အကြီးအငယ်အလိုက်၊ ကျောက်နှစ်လုံးပေါ်မှာ အမျိုးနာမည်ခြောက်ခုစီ အက္ခရာတင်ရမည်။ |
ယောသပ်ရှေ့၌ ယောသပ်၏ညီအစ်ကိုတို့ကို အကြီးဆုံးမှအငယ်ဆုံးတိုင်အောင် အသက်အရွယ်အလိုက် နေရာချထား၏။ သူတို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ကြည့်လျက် အံ့အားသင့်နေကြ၏။
အစ္စရေး၏သားတို့အမည်များကို ကမ္ပည်းတံဆိပ်အဖြစ် ထိုကျောက်နှစ်လုံးအပေါ်၌ ကျောက်ဆစ်အတတ်ပညာဖြင့် ကမ္ပည်းထိုး၍ ရွှေကျောက်မျက်အိုး၌ ထည့်ထားရမည်။
သင်သည် မဟူရာကြောင်ဝင်ကျောက်နှစ်လုံးကိုလည်းယူ၍ ထိုကျောက်နှစ်လုံးပေါ်၌ အစ္စရေး၏သားတို့အမည်များကို ကမ္ပည်းထိုးရမည်။