ဝင်းသည် အလျားအတောင်တစ်ရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်ငါးတောင်ရှိ၍ ရက်လုပ်ထားသောပိတ်ချောထည်အကာနှင့် အောက်ခံကြေးနီအစွပ် တို့ပါရမည်။
တဲတော်ဝင်းအကာအရံသည်အလျားပေတစ် ရာ့ငါးဆယ်၊ အနံခုနစ်ဆယ့်ငါးပေနှင့်အမြင့် ခုနစ်ပေခွဲရှိရမည်။ ကန့်လန့်ကာများကိုပိတ် ချောဖြင့်လည်းကောင်း၊ ဖိနပ်များကိုကြေးဝါ ဖြင့်လည်းကောင်းပြုလုပ်ရမည်။-
တံ တိုင်း သည် အ လျား အ တောင် တစ် ရာ၊ အ နံ တ ညီ တည်း ငါး ဆယ်၊ အ မြင့် ငါး တောင် ဖြစ် လျက် ပိုး လျှော် ထည် နှင့် ကြေး အောက် ခံ ခုံ များ ရှိ စေ လော့။
ဝင်းသည် အလျားအတောင်တစ်ရာ၊ အနံငါးဆယ်၊ အမြင့်ငါးတောင်ရှိ၍၊ ပိတ်ချောနှင့် ကြေးဝါခြေစွပ်ဖြင့်ပြီးရမည်။
ထို့ပြင် သင်သည် ကိန်းဝပ်တော်မူရာတဲတော်ကို ရွက်ထည်ဆယ်ထည်ဖြင့် လုပ်ရမည်။ ထိုရွက်ထည်တို့သည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြစ်ရမည်။ ထိုပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်များကို လက်ရာမြောက်စွာ ပုံဖော်ထားရမည်။
ဝင်းပတ်ပတ်လည်ရှိတိုင်အားလုံးတို့၏ထိပ်ကို ငွေအစွပ်ဖြင့်စွပ်ရမည်။ တိုင်ချိတ်များကို ငွေဖြင့်လည်းကောင်း၊ တိုင်အောက်ခံအစွပ်များကို ကြေးနီဖြင့်လည်းကောင်း လုပ်ရမည်။
ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိစ္စအဝဝအတွက် တန်ဆာပလာ၊ တဲငုတ်တိုင်၊ ဝင်းငုတ်တိုင် အားလုံးတို့ကို ကြေးနီဖြင့်လုပ်ရမည်။