ထိုသူ၌ သခင်ပေးစားသောမယားရှိ၍ သူ့အတွက် သားသမီးများကိုမွေးဖွားပေးလျှင် ထိုမယားနှင့်သားသမီးများကို သခင်ပိုင်သည်ဖြစ်၍ ထိုသူသည် တစ်ယောက်တည်းထွက်သွားရမည်။
သူ၏သခင်ကမိန်းမနှင့်စုံဖက်ပေးသဖြင့် သားသမီးများမွေးဖွားလျှင်၊ ထိုမိန်းမနှင့် သားသမီးတို့ကိုသခင်ပိုင်၏။ ထို့ကြောင့်သူ တစ်ယောက်တည်းသာလွတ်မြောက်စေရမည်။-
ခင် ပွန်း ကို သ ခင် ထိမ်း မြား ၍ သား သ မီး ရ လျှင် ခင် ပွန်း နှင့် သား သ မီး တို့ ကို သ ခင် ပိုင် စေ လျက် ကျွန် တစ် ယောက် တည်း သာ ထွက် သွား စေ။
သို့မဟုတ် သခင်ပေးစားသောမယားရှိ၍ ထိုမယားသည် သားသမီးကိုဖွားမြင်လျှင်၊ မယားနှင့်သားသမီးတို့ကို သခင်ပိုင်ရမည်။ ကျွန်မူကား၊ တစ်ယောက်တည်းထွက်ရမည်။
ထို့ကြောင့် စာရဲက အာဗြံအား “ကြည့်ရှုလော့။ ထာဝရဘုရားသည် အကျွန်ုပ်အား သားသမီးမွေးဖွားခွင့်ပေးတော်မမူ။ အကျွန်ုပ်၏ကျွန်မထံသို့ ဝင်ပါလော့။ အကျွန်ုပ်သည် သူ့အားဖြင့် မိသားစုတစ်ခုတည်ဆောက်နိုင်ကောင်းတည်ဆောက်နိုင်လိမ့်မည်”ဟု ဆိုလျှင် အာဗြံသည်လည်း စာရဲ၏စကားကိုနားထောင်လေ၏။
သင်၏အိမ်၌မွေးဖွားသောသူဖြစ်စေ၊ သင်၏ငွေဖြင့်ဝယ်ထားသောသူဖြစ်စေ အရေဖျားလှီးခြင်းကို မုချခံရမည်။ ဤသို့အားဖြင့် ငါ၏ပဋိညာဉ်သည် ထာဝရပဋိညာဉ်အဖြစ် သင်တို့၏အသားတွင်တည်လိမ့်မည်။
တစ်ယောက်တည်းရောက်လာလျှင် တစ်ယောက်တည်းထွက်သွားရမည်။ သူသည် မယားရှိသောသူဖြစ်လျှင် သူ၏မယားသည် သူနှင့်အတူထွက်သွားရမည်။
အကယ်၍ ထိုကျွန်က ‘အကျွန်ုပ်၏သခင်၊ အကျွန်ုပ်၏မယားနှင့်သားသမီးများကို အကျွန်ုပ်ချစ်ပါ၏။ လွတ်လပ်သောသူအဖြစ် အကျွန်ုပ်မထွက်သွားလိုပါ’ဟု ပြတ်ပြတ်သားသားပြောဆိုလျှင်