ထွက်မြောက် 21:25 - မြန်မာ့စံမီသမ္မာကျမ်း မီးလောင်ခြင်းအတွက် မီးလောင်ခြင်း၊ ထိခိုက်ဒဏ်ရာအတွက် ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာအတွက် ပွန်းပဲ့ဒဏ်ရာ ပြန်ပေးဆပ်ရမည်။ Common Language Bible မီးလောင်ခြင်းအစားမီးလောင်ခြင်း၊ ထိရှ ခြင်းအစားထိရှခြင်း၊ ဒဏ်ရာအစားဒဏ် ရာကိုခံစေရမည်။ Garrad Bible ခြေ အ စား ခြေ၊ မီး လောင် ခြင်း အ စား မီး လောင် ခြင်း၊ ထိ ရှ ခြင်း အ စား ထိ ရှ ခြင်း၊ ဒဏ် ရာ အ စား ဒဏ် ရာ များ ကို ခံ စေ။ Judson Bible မီးလောင်ခြင်းအတွက် မီးလောင်ခြင်းကိုလည်းကောင်း၊ ရှနခြင်းအတွက် ရှနခြင်းကိုလည်းကောင်း၊ ဒဏ်ချက်ရာအတွက် ဒဏ်ချက်ရာကိုလည်းကောင်း ခံရမည်။ |
တစ်စုံတစ်ဦးသည် မိမိကျွန်ယောက်ျား၊ သို့မဟုတ် ကျွန်မိန်းမ၏မျက်စိကိုထိုး၍ သူ၏မျက်စိပျက်စီးသွားလျှင် သူ၏မျက်စိအတွက် သူ့ကိုလွတ်လပ်သောသူအဖြစ် ထွက်သွားခွင့်ပြုရမည်။
တစ်စုံတစ်ယောက်သည် မိမိအိမ်နီးချင်းကို အနာတရဖြစ်စေလျှင် ထိုသူသည် မိမိပြုသည့်အတိုင်း ပြန်ခံရမည်။
သင်သည် သူ့ကို မသနားရ။ အသက်အတွက် အသက်၊ မျက်စိအတွက် မျက်စိ၊ သွားအတွက် သွား၊ လက်အတွက် လက်၊ ခြေအတွက် ခြေ သူ့ကို ပြန်ခံစေရမည်။